မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ရေနံချောင်းမြို့နယ်၊ အရှေ့ကုန်းကျေးရွာတွင် (၂၀-၇-၂၀၁၆) ရက်နေ့က မိုးကြိုးထိမှန်၍ ရွာသား(၂)ဦးသေဆုံးခဲ့ပါသည်၊၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)မှ တာဝန်ရှိသူများသည် သေဆုံးခဲ့သော ရွာသားနှစ်ဦး အတွက် ထောက်ပံ့ငွေကျပ် နှစ်သိန်းကို (၂၇-၇-၂၀၁၆) ရက်နေ့က မြို့နယ်တာဝန်ရှိသူထံ ထောက်ပံ့ပေးအပ် ခဲ့ကြောင်းသိရှိရပါသည်။