ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ ရေပေါ်ကြီးကျေးရွာအုပ်စု၊ ကုလားမချောင်းကျေးရွာတွင် (၂၂-၇-၂၀၁၆) ရက်နေ့၌ ကမ်းပြိုမှုဖြစ်ပွားခဲ့ရာ အိမ်ထောင်စု (၂၃) စု ဘေးလွတ်ရာသို့ ရွေ့ပြောင်းခဲ့ရပါသည်၊၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၇-၂၀၁၆) ရက်နေ့တွင် ဘေးသင့် အိမ်ထောင်စု (၂၃)စု၊ လူဦးရေ (၉၅)ဦး အတွက် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး၊ ဆန်ရိက္ခာ (၃)ရက်စာ ရန်ပုံငွေ (၈၅၅၀၀) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၄၆၀၀၀၀)ကျပ်အား ကွင်းဆင်းထောက်ပံ့ခဲ့ကြောင်း သတင်း ရရှိပါသည်၊၊