Category Archives: News
-
“လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာနနှင့် အောက်မြန် မာပြည်ရှိ လူမှုရေးအဖွဲ့အစည်းများ၊ ဖောင်ဒေး ရှင်းများ တွေ့ဆုံဆွေးနွေးပွဲ” ကျင်းပပြုလုပ်မှုသတင်း
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာနနှင့် လူမှုရေး အဖွဲ့အစည်းများ၊ ဖောင်ဒေးရှင်းများ ရင်းနှီးစွာတွေ့ဆုံ၍ ပြည်သူများ လူမှုရေးအခက်အခဲ များ၊ လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းရပ်များ၊ သဘာ၀ဘေးအန္တရာယ်အရေးပေါ် တုန့်ပြန်မှုများအား ပြည်သူကရွေးချယ်သော ပြည်သူ့အစိုးရက စစ်မှန်သော ဒီမိုကရေစီ လမ်းစဥ်ဖြင့် ချီတက်ရာ၀ယ် လွတ်လပ်လုံခြုံသော လူမှုအဖွဲ့အစည်း တရားမျှတပြီး ဥပဒေ သက်ရောက်သော အုပ်ချုပ်ရေးစနစ်နှင့် ငြိမ်းချမ်းအေးချမ်းသာယာပြီး လုံခြုံစိတ်ချဖွံ့ဖြိုး တိုးတက်သော လူနေမှုဘ၀ရရှိစေေရးအတွက် ပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်သွား မည် ဟူသော ယုံကြည်ချက်များနှင့် ယနေ့တွင် လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် … Read more
-
ဆင်ဘိုမြို့ ၊ အောင်မင်္ဂလာရပ်ကွက်ရှိ မြေနိမ့်ပိုင်းနေရာများသို့ နန့်ခတ်ချောင်းရေတက်မှုကြောင့် ရေဘေးသင့်ပြည်သူများအတွက်ထောက်ပံ့မှုသတင်း
(၂၅-၇-၂၀၁၆) ရက်နေ့တွင် ဆင်ဘိုမြို့၊ အောင်မင်္ဂလာရပ်ကွက်ရှိ မြေနိမ့်ပိုင်းနေရာများသို့ နန့်ခတ်ချောင်းရေတက်မှုကြောင့် ရေဘေးသင့်ပြည်သူအိမ်ထောင်စု(၂၁)စု လူဦးရေ(၈၈)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း(၄)မျိုးနှင့် ဆန်ရိက္ခာဖိုးငွေ (၇၉၂၀၀)ကျပ်အား (၂၉-၇-၂၀၁၆)ရက်နေ့တွင် ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးက ဆင်ဘိုမြို့အုပ်ချုပ်ရေးမှူး ဦးကျော်သူစိုးမှ တဆင့် လွှဲပြောင်း ထောက်ပံ့ပေးအပ်ခဲ့ပါ ကြောင်း သိရှိရပါသည်။
-
ဝါးခယ်မမြို့နယ်အထက် ပေးကုန်းကျေးရွာ ကမ်းပြိုဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊မြောင်းမြခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၈.၇.၂၀၁၆)ရက်နေ့တွင် ဝါးခယ်မမြို့နယ်အထက် ပေးကုန်းကျေးရွာ ကမ်းပြိုဘေးကြောင့် ရွေ့ပြောင်းရသော အိမ်ခြေ (၅) အိမ်အတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး၊ ဆန်ရိက္ခာဖိုးထောက်ပံငွေ (၃) ရက်စာ (၁၈၉၀၀)ကျပ် အား (၂၉.၇.၂၀၁၆)ရက်နေ့ တွင်ဝါးခယ်မထွေ/အုပ်ထံသို့သွားရောက် ထောက်ပံ့ပေးခဲ့ကြောင်းသိရှိရ ပါသည်။
-
စတုတ္တအကြိမ်မြောက် အာဆီယံကလေးသူငယ်ဖိုရမ် အထိမ်းအမှတ် အမျိုးသားအဆင့် ကလေးသူငယ် ပန်းချီနှင့် ဆောင်ပုဒ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပခြင်းသတင်း
၁။ အာဆီယံအသိုက်အဝန်း၏ အနာဂါတ်ကို ပခုံးပြောင်းတာဝန်ယူကြရမည့် လက်ရှိကလေးသူငယ် များသည် အာဆီယံအဖွဲ့၏ ေရရှည်မျေှာ်မှန်းချက်များနှင့် လက်ရှိပူးပေါင်းဆောင်ရွက်နေမှုများကို သိရှိပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကလေးသူငယ်များအကြား ချစ်ကြည်ရင်းနှီးမှုနှင့် အပြန်အလှန် ဆက်သွယ် ဆောင်ရွက်ရန် လိုအပ်ကြောင်း (၂၉-၇-၂၀၁၆)ရက်နေ့တွင်လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေး၀န်ကြီးဌာန၊ အစည်းအဝေးခန်းမတွင်ပြုလုပ်သော စတုတ္တအကြိမ်မြောက် အာဆီယံ ကလေးသူငယ်ဖိုရမ် အထိမ်းအမှတ် အမျိုးသားအဆင့်ကလေးသူငယ် ပန်းချီနှင့်ဆောင်ပုဒ်ပြိုင်ပွဲ ဆုရရှိ သူများအား ဆုချီးမြှင့်ပွဲအခမ်းအနားတွင် လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာဝင်းမြတ်အေးမှ ပြောကြားခဲ့သည်။ ၂။ ပြည်ထောင်စုဝန်ကြီးမှ ဆက်လက်ပြောကြားရာတွင် … Read more
-
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်တွင် မြေပြိုဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးရှိ တာ၀န်ရှိသူများသည် စစ်တွေမြို့နယ်၊ ပလ္လပြင်ကျေးရွာတွင် မြေပြိုဘေးကြောင့် ပျက်စီးသွားသော အိမ်ထောင်စု (၁)စုစာအတွက် ဆန်ရိက္ခာတန်ဖိုးငွေကျပ် (၅၄၀၀)နှင့် အိမ်ဆောက်ပစ္စည်းတန်ဖိုး ငွေကျပ်(၁၀၀၀၀၀)၊ စုစုပေါင်းငွေကျပ် (၁၀၅၄၀၀)နှင့် စစ်တွေမြို့နယ်၊ သဲချောင်းကျေးရွာ ရေဘေး (၃)အိမ်ထောင်စုအတွက် ဆန်ရိက္ခာတန်ဖိုးငွေကျပ် (၉၀၀၀)နှင့် အိမ်ဆောက်ပစ္စည်းတန်ဖိုး ငွေကျပ်(၁၅၀၀၀၀)၊ စုစုပေါင်းငွေကျပ် (၁၅၉၀၀၀)တို့အား စစ်တွေမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးထံသို့ (၂၉-၇-၂၀၁၆)ရက်နေ့တွင်လွှဲပြောင်းပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။
-
ရာသီဥတုဆိုးရွားလာမှုနှင့် ဘေးအန္တရာယ်များ ကျရောက်လာမှုအပေါ် ခံနိုင်ရည်စွမ်းတည်ဆောက်ခြင်းနှင့် လိုက်လျောညီထွေစွာနေထိုင်ခြင်းစီမံကိန်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲပြုလုပ်ခြင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနနှင့် Plan Internation-Myanmar တို့ ပူးပေါင်း၍ (၂၉-၇-၂၀၁၆)ရက်နေ့ (၀၉း၀၀)နာရီအချိန်မှ (၁၇း၀၀)နာရီအချိန်ထိ နေပြည်တော်၊ Grand Amara Hotel တွင်ကျင်းပပြုလုပ်လျက်ရှိပါသည်။ အလုပ်ရုံဆွေးနွေးပွဲသို့ ဌာနဆိုင်ရာမှ ကိုယ်စားလှယ်များ၊ အစိုးရမဟုတ်သော ပြည်တွင်းအဖွဲ့အစည်းများ စုစုပေါင်း (၅၆)ဦးတက်ရောက် ခဲ့ကြပြီး၊ “ရာသီဥတုဆိုးရွားပြင်းထန်မှုများကြောင့် ဖြစ်ပေါ်လာနိုင်သော ဘေးအန္တရာယ်များမှ အသက် အိုးအိမ်စည်းစိမ်များကို ကာကွယ်နိုင်ရန်၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများအား ကာကွယ်ရန်၊ အဖွဲ့အစည်းများအချင်းချင်းပူးပေါင်းချိတ်ဆက်ဆောင်ရွက်မှုအား ပိုမိုကောင်းမွန်စေရန်နှင့် မူဝါဒများ ပြုပြင်ပြောင်းလဲခြင်းများတွင်လည်း ပါ၀င်ဆောင်ရွက်ခြင်းဖြင့် မြန်မာပြည်သူ (၃၅၀,၀၀၀)ဦးတို့အား ရာသီဥတုပြင်းထန်လွန်ကဲမှုများမှ ဘေးဒဏ်ခံနိုင်ရည်စွမ်းများ မြှင့်တက်လာစေရန်”ဟု … Read more
-
ကျိုင်းတုံမြို့နယ်တွင် ငလျင်ဇာတ်တိုက်လေ့ကျင့်ခန်းပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉.၇.၂၀၁၆) ရက်နေ့ တွင် ကျိုင်းတုံမြို့နယ်၊ အထက်တန်းကျောင်းခွဲရှိ ယန်းလူးကျောင်း၌ ငလျင်ဇာတ်တိုက် လေ့ကျင့်ခြင်း ဆောင်ရွက်ခဲ့ပြီး အဆိုပါ ဇာတ်တိုက်လေ့ကျင့်ခန်းတွင် ဆရာ/ဆရာမနှင့် ကျောင်းသား/သူ စုစု ပေါင်း (၇၀) ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
-
စစ်ကိုင်းတိုင်းဒေသကြီး၊ခန္တီးမြို့နယ်ရေဘေးသင့်ပြည်သူများအတွက်လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှကူညီထောက်ပံ့မှုများဆောင်ရွက်လျက်ရှိခြင်း
စစ်ကိုင်းတိုင်းဒေသကြီး၊ခန္တီးမြို့နယ်အတွင်းရှိရပ်ကွက်/ကျေးရွာအချို့တွင်ချင်းတွင်းမြစ်ရေမြင့်တက်မှုကြောင့်ရေဝင်ရောက်မှုများဖြစ်ပွားခဲ့ပြီး (၂၄-၇-၂၀၁၆)နေ့မှ (၂၆-၇-၂၀၁၆)နေ့အထိ အိမ်ခြေ(၇၄၃)လုံး၊ အိမ်ထောင်စု(၇၄၈)စုမှ လူဦးရေစုစုပေါင်း (၃၇၄၀)ဦး အားကယ်ဆယ်ရေးစခန်း (၁၂)ခု ဖွင့်လှစ်ပြောင်းရွှေ့ခဲ့ရပါသည်။ အဆိုပါပြောင်းရွှေ့ပြည်သူများ လတ်တလောစားဝတ်နေရေး ပြေလည်စေရေးအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ဆန်ရိက္ခာနှင့် ကယ်ဆယ်ရေး ပစ္စည်းများ ထောက်ပံ့ပေးလျက်ရှိရာ(၂၈-၇-၂၀၁၆)နေ့တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးနှင့် အဖွဲ့သည်ဘေးသင့်ဒေသရှိ ကယ်ဆယ်ရေး စခန်းများသို့ သွားရောက်၍ဆန်ရိက္ခာဖိုးငွေကျပ် (၃,၃၆၆,၀၀၀)နှင့် ကယ်ဆယ်ရေးပစ္စည်း(၄)မျိုး (၅၀၀)အိမ်ထောင်စာထောက်ပံ့ပေးခဲ့ကြောင်းနှင့် ခန္တီးမြို့နယ်နှင့် ဟုမ္မလင်းမြို့နယ်မှ ကျန်ရှိသည့် ဘေးသင့်ပြည်သူများအတွက်ထောက်ပံ့မှုများ … Read more
-
ပြည်ထောင်စုဝန်ကြီး ရက် (၁၀၀) အတွင်း လုပ်ငန်းများဆောင်ရွက်ပြီးစီးမှုအြေခအနေများ တင်ပြခြင်းအခမ်းအနားသို့ တက်ရောက်မှုသတင်း နှင့် Myanmar Chefs Artမှ Co.ltd President ဖြစ်သူ Mr. Oliver E Soe Thet ဦးဆောင်သောအဖွဲ့အား တွေ့ဆုံမှုသတင်း
ဝန်ကြီးဌာန၏ ရက် (၁၀၀) စီမံချက်ပါ လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှုအပေါ် သုံးသပ် ဆွေးနွေးပွဲအား ၂၀၁၆ ခုနှစ် ဇူလိုင်လ (၂၈) ရက်နေ့ နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ကျင်းပခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးမှ ရက် (၁၀၀) စီမံချက်ပါ လုပ်ငန်းများအောင်မြင်မှု ရှိ/မရှိကို ပြည်သူက အဆုံးအဖြတ်ပေးမှာဖြစ်သဖြင့် ပြည်သူ့အသံကို နား ထောင်ရန်လိုကြောင်း၊ အစိုးရအနေဖြင့် ပွင့်လင်းမြင်သာသော စနစ်တစ်ခုသို့ ပြောင်းလဲနေပြီဖြစ်သဖြင့် အမှန်တကယ် ပြောင်းလဲစေရန်မှာ တာဝန်ရှိသူအဆင့်ဆင့်တွင် တာဝန်ယူမှု တာဝန်ခံမှုရှိရန် … Read more
-
ကျိုင်းတုံမြို့နယ်၊ မိုင်းဇင်းကျေးရွာအုပ်စု၊ အထကခွဲ မိုင်းဇင်းတွင် ငလျင်ဇာတ်တိုက်လေ့ကျင့်ခန်း ပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၇-၂၀၁၆) ရက်နေ့တွင် ကျိုင်းတုံမြို့နယ်၊ မိုင်းဇင်းကျေးရွာအုပ်စု၊ အ.ထ.ကခွဲ မိုင်းဇင်းတွင် ငလျင်ဇာတ်တိုက်လေ့ကျင့်ခြင်းဆောင်ရွက်ခဲ့ပြီး အဆိုပါ ဇာတ်တိုက်လေ့ကျင့်ခန်းတွင် ဆရာမ (၁၀) ဦးနှင့် ကျောင်းသား/သူ (၆၀) ဦး စုစုပေါင်း (၇၀) ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။ Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ကဆရ)









