၁။ အာဆီယံအသိုက်အဝန်း၏ အနာဂါတ်ကို ပခုံးပြောင်းတာဝန်ယူကြရမည့် လက်ရှိကလေးသူငယ် များသည် အာဆီယံအဖွဲ့၏ ေရရှည်မျေှာ်မှန်းချက်များနှင့် လက်ရှိပူးပေါင်းဆောင်ရွက်နေမှုများကို သိရှိပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကလေးသူငယ်များအကြား ချစ်ကြည်ရင်းနှီးမှုနှင့် အပြန်အလှန် ဆက်သွယ် ဆောင်ရွက်ရန် လိုအပ်ကြောင်း (၂၉-၇-၂၀၁၆)ရက်နေ့တွင်လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေး၀န်ကြီးဌာန၊ အစည်းအဝေးခန်းမတွင်ပြုလုပ်သော စတုတ္တအကြိမ်မြောက် အာဆီယံ ကလေးသူငယ်ဖိုရမ် အထိမ်းအမှတ် အမျိုးသားအဆင့်ကလေးသူငယ် ပန်းချီနှင့်ဆောင်ပုဒ်ပြိုင်ပွဲ ဆုရရှိ သူများအား ဆုချီးမြှင့်ပွဲအခမ်းအနားတွင် လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာဝင်းမြတ်အေးမှ ပြောကြားခဲ့သည်။
၂။ ပြည်ထောင်စုဝန်ကြီးမှ ဆက်လက်ပြောကြားရာတွင် မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်သည်နှင့်အညီ အာဆီယံမိသားစုအတွင်း တက်ကြွစွာ ပါဝင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အာဆီယံကလေးသူငယ်ဖိုရမ်ကို (၂)နှစ်လျှင် တစ်ကြိမ် ကျင်းပခဲ့ရာ စတုတ္တအကြိမ်မြောက် အာဆီယံ ကလေးသူငယ်ဖိုရမ်ကို ဗီယက်နမ်နိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့ပါကြောင်း၊ အာဆီယံကလေးသူငယ်ဖိုရမ် အထိမ်းအမှတ်အကြို ကလေးသူငယ်ပန်းချီနှင့် ဆောင်ပုဒ် ရေးသားပြိုင်ပွဲများကို နိုင်ငံအလိုက် ကြိုတင် ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံမှ အမျိုးသားအဆင့်ပြိုင်ပွဲကို (၁၉-၅-၂၀၁၆) ရက်နေ့တွင် လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာနမှ ဦးစီး၍ ကျင်းပပြုလုပ်ခဲ့ပါကြောင်း၊ ပြိုင်ပွဲမှ ထူးချွန်သူ ကလေးသူငယ်(၆)ဦးသည် ဗီယက်နမ်နိုင်ငံတွင် ယခုလ အတွင်းကျင်းပပြုလုပ်ခဲ့တဲ့ စတုတ္တအကြိမ်မြောက် အာဆီယံကလေးသူငယ်ဖိုရမ်သို့ မြန်မာနိုင်ငံကိုယ်စား ပြုတက်ရောက်ခဲ့ကြ ပါကြောင်း၊ ပန်းချီပြိုင်ပွဲ၌ ဆုရရှိခဲ့သည့် ကလေးသူငယ်(၃)ဦးနှင့် ဆောင်ပုဒ်ပြိုင်ပွဲတွင် ဆုရရှိခဲ့သည့် ကလေးသူငယ်(၃)ဦးတို့အား အမျိုးသားအဆင့် ဆုပေးပွဲအခမ်းအနားဖြင့် ဂုဏ်ပြုခြင်း ဖြစ်ပါကြောင်း၊ တစ်ခုတည်းသော အာဆီယံဒေသကြီး ဖြစ်လာရေးအတွက် ယနေ့ကလေးသူငယ်များသည် အနာဂါတ်တွင် ဆက်လက်ဆောင်ရွက်နိုင်စွမ်းရှိသော ကလေးသူငယ်များဖြစ်အောင် ကြိုးစားဆောင်ရွက်သွားကြရမှာ ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
၃။ စတုတ္တအကြိမ်မြောက် အာဆီယံကလေးသူငယ်ဖိုရမ် အထိမ်းအမှတ် အကြို အမျိုးသားအဆင့် ကလေးသူငယ်ပန်းချီပြိုင်ပွဲသို့ ကလေးသူငယ် (၉၇)ဦး ဝင်ရောက်ယှဥ်ပြိုင်ခဲ့ပြီး မဆုမြတ်နိုးဟန်၊ Pride International School of Myanmar (PISM)မှ ပထမဆု ၊မောင်ရဲမြတ်မင်း၊ အ.ထ.က(၁၆)၊ မန္တလေးမြို့မှ ဒုတိယဆု၊ မောင်သိဒ္ဓိဉာဏ်၊ အ.ထ.က(၁)၊ မြဝတီမှ တတိယဆု အသီးသီး ရရှိခဲ့ကြပြီး ဆောင်ပုဒ်ပြိုင်ပွဲသို့ (၁၈)ဦး ဝင်ရောက်ယှဥ်ပြိုင်ရာတွင် မောင်ြမတ်ကောင်းခန့်၊ ILBC (နေပြည်တော်) မှ ပထမဆု ၊ မသဥ္ဇာဆွေ၊ အ.ထ.က(၃)၊ ပဲခူးမြို့မှ ဒုတိယဆု၊ မောင်သူရိန်ဇမ်၊ အ.ထ.က(၁) ဒဂုံမြို့နယ်မှ တတိယဆု အသီးသီးရရှိခဲ့ပါသည်။
ဆက်လက်၍ မွန်းလွဲပိုင်းတွင် ြပည်ထောင်စုဝန်ကြီးသည် ဝန်ကြီးရုံးမေခလာခန်းမ၌ Women’s Organization Network မှ တာဝန်ရှိသူများအား လက်ခံတွေ့ဆုံ၍ အမျိုးသမီးအဖွဲ့များကွန်ယက် – မြန်မာ (Women’s Organizations Network of Myanmar)သည် အမျိုးသမီးထုတစ်ရပ်လုံး တန်းတူညီမျှဖွံ့ဖြိုးတိုးတက်စေရန် စွမ်းဆောင်ရည်မြှင့်တင်ခြင်း၊ အကြံပြုဆွေးနွေးတင်ပြခြင်း၊ အမျိုးသမီးထုလှုပ်ရှားမှုများဆောင်ရွက်ခြင်း၊ သုတေသနပြုခြင်း၊ လုံခြုံရေး၊ ဥပဒေပြုရေးနှင့် အမျိုးသမီးထုအခွင့်အရေးစသည်တို့အတွက် ကွန်ရက်ချိတ်ဆက်၍ ထိရောက်စွာဆောင်ရွက် နေပါကြောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အနေ ဖြင့်လည်း အမျိုးသမီးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ ဘဝလုံခြုံစိတ်ချမှုရှိရေး ဦးဆောင်ဆောင်ရွက် လျက်ရှိပါကြောင်း၊ ရှေ့ဆက်လက်၍ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေး အမျိုးသားအဆင့် မဟာဗျူဟာလုပ်ငန်းစဉ်(၂၀၁၃-၂၀၂၂) ပြန်လည်သုံးသပ်ရာတွင် ပူးပေါင်းပါဝင်ရေး၊ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးကိစ္စများတွင် ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ အမျိုးသမီးများ အတွက်အလုပ်အကိုင်အခွင့်အလမ်းရရှိရေး၊ အသက်မွေး ဝမ်းကျောင်းလုပ်ငန်းများ ဖော်ဆောင် ရေးစသည့်ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ ပါသည်။