စစ်ကိုင်းတိုင်းဒေသကြီး၊ခန္တီးမြို့နယ်အတွင်းရှိရပ်ကွက်/ကျေးရွာအချို့တွင်ချင်းတွင်းမြစ်ရေမြင့်တက်မှုကြောင့်ရေဝင်ရောက်မှုများဖြစ်ပွားခဲ့ပြီး (၂၄-၇-၂၀၁၆)နေ့မှ (၂၆-၇-၂၀၁၆)နေ့အထိ အိမ်ခြေ(၇၄၃)လုံး၊ အိမ်ထောင်စု(၇၄၈)စုမှ လူဦးရေစုစုပေါင်း (၃၇၄၀)ဦး အားကယ်ဆယ်ရေးစခန်း (၁၂)ခု ဖွင့်လှစ်ပြောင်းရွှေ့ခဲ့ရပါသည်။
အဆိုပါပြောင်းရွှေ့ပြည်သူများ လတ်တလောစားဝတ်နေရေး ပြေလည်စေရေးအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ဆန်ရိက္ခာနှင့် ကယ်ဆယ်ရေး ပစ္စည်းများ ထောက်ပံ့ပေးလျက်ရှိရာ(၂၈-၇-၂၀၁၆)နေ့တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးနှင့် အဖွဲ့သည်ဘေးသင့်ဒေသရှိ ကယ်ဆယ်ရေး စခန်းများသို့ သွားရောက်၍ဆန်ရိက္ခာဖိုးငွေကျပ် (၃,၃၆၆,၀၀၀)နှင့် ကယ်ဆယ်ရေးပစ္စည်း(၄)မျိုး (၅၀၀)အိမ်ထောင်စာထောက်ပံ့ပေးခဲ့ကြောင်းနှင့် ခန္တီးမြို့နယ်နှင့် ဟုမ္မလင်းမြို့နယ်မှ ကျန်ရှိသည့် ဘေးသင့်ပြည်သူများအတွက်ထောက်ပံ့မှုများ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း သတင်းရရှိပါသည်။