ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်တွင် မြေပြိုဘေးထောက်ပံ့မှုသတင်း

ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးရှိ တာ၀န်ရှိသူများသည် စစ်တွေမြို့နယ်၊ ပလ္လပြင်ကျေးရွာတွင် မြေပြိုဘေးကြောင့် ပျက်စီးသွားသော အိမ်ထောင်စု (၁)စုစာအတွက် ဆန်ရိက္ခာတန်ဖိုးငွေကျပ် (၅၄၀၀)နှင့် အိမ်ဆောက်ပစ္စည်းတန်ဖိုး  ငွေကျပ်(၁၀၀၀၀၀)၊ စုစုပေါင်းငွေကျပ် (၁၀၅၄၀၀)နှင့် စစ်တွေမြို့နယ်၊ သဲချောင်းကျေးရွာ ရေဘေး (၃)အိမ်ထောင်စုအတွက် ဆန်ရိက္ခာတန်ဖိုးငွေကျပ် (၉၀၀၀)နှင့် အိမ်ဆောက်ပစ္စည်းတန်ဖိုး ငွေကျပ်(၁၅၀၀၀၀)၊ စုစုပေါင်းငွေကျပ် (၁၅၉၀၀၀)တို့အား စစ်တွေမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးထံသို့ (၂၉-၇-၂၀၁၆)ရက်နေ့တွင်လွှဲပြောင်းပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။

Sign Up

Upcoming Events