“လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာနနှင့် အောက်မြန် မာပြည်ရှိ လူမှုရေးအဖွဲ့အစည်းများ၊ ဖောင်ဒေး ရှင်းများ တွေ့ဆုံဆွေးနွေးပွဲ” ကျင်းပပြုလုပ်မှုသတင်း

M3 M4 m5 m6 m7M2

 

 

လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာနနှင့် လူမှုရေး အဖွဲ့အစည်းများ၊ ဖောင်ဒေးရှင်းများ ရင်းနှီးစွာတွေ့ဆုံ၍ ပြည်သူများ လူမှုရေးအခက်အခဲ များ၊ လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းရပ်များ၊ သဘာ၀ဘေးအန္တရာယ်အရေးပေါ် တုန့်ပြန်မှုများအား ပြည်သူကရွေးချယ်သော ပြည်သူ့အစိုးရက စစ်မှန်သော ဒီမိုကရေစီ လမ်းစဥ်ဖြင့် ချီတက်ရာ၀ယ် လွတ်လပ်လုံခြုံသော လူမှုအဖွဲ့အစည်း တရားမျှတပြီး ဥပဒေ သက်ရောက်သော အုပ်ချုပ်ရေးစနစ်နှင့် ငြိမ်းချမ်းအေးချမ်းသာယာပြီး လုံခြုံစိတ်ချဖွံ့ဖြိုး တိုးတက်သော လူနေမှုဘ၀ရရှိစေ‌ေရးအတွက် ပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်သွား မည် ဟူသော ယုံကြည်ချက်များနှင့် ယနေ့တွင် လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး၀န်ကြီးဌာနနှင့် အောက်မြန်မာပြည်ရှိ လူမှုရေးအဖွဲ့အစည်းများ၊       ဖောင်ဒေးရှင်းများ တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နံနက် (၀၈း၀၀) နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ် အမှတ်(၄)အခြေခံပညာ အထက်တန်းကျောင်းရှိ သီရိရတနာခန်းမ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီး၊ ဒေါက်တာ၀င်းမြတ်အေးနှင့် ၀န်ကြီးဌာနမှ တာ၀န်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် အစိုးရအဖွဲ့၀င်၀န်ကြီးများ၊ ဌာနဆိုင်ရာများမှ အကြီးအကဲများ၊ လူမှုရေး အသင်း အဖွဲ့များ၊ ဖောင်ဒေးရှင်းများမှ တာ၀န်ရှိပုဂ္ဂိုလ်များ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။ ရှေးဦးစွာ လူမှု၀န််ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေး၀န်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီးက အဖွင့်အမှာစကား ပြောကြားရာတွင် အစိုးရအဖွဲ့ သစ်အနေဖြင့် ပြည်သူ့အစိုးရအနေနှင့်ပေါ်ပေါက်လာပြီး စစ်မှန်သည့် ဒီမိုကရေစီစနစ်ကို ဖော်ဆောင် လျက်ရှိကြောင်း၊ ပြည်ထောင်စုအစိုးရအနေဖြင့် တိုင်း‌ေဒသကြီး ပြည်နယ် အစိုးရများ နှင့်ပူးပေါင်းပြီး ပြည်သူများအကျိုးရှိအောင် ဆောင်ရွက်နေကြောင်း၊ အဓိကက တော့ ပြည်သူအားလုံး လွတ်လပ်လုံခြုံသည့် လူမှုဘဝရရှိိဖို့ဖြစ်ကြောင်း၊ လွတ်လပ််လုံခြုံသည့် လူမှုဘဝတိုးတက်ဖို့အတွက် တရားဥပဒေ အာဏာသက်ရောက်သည့် အုပ်ချုပ်မှုစနစ်သည် အရေးကြီးကြောင်း၊ လွတ်လပ်လုံခြုံတဲ့ လူမှုဘဝအတွက် ငြိိမ်းချမ်းရေးအခန်းကဏ္ဍ ကလည်း အရေးကြီးကြောင်း၊ တိုင်းရင်းသားအားလုံး စည်းစည်း လုံးလုံး ငြိမ်းငြိမ်းချမ်းချမ်းနှင့် ဖက်ဒရယ်ပြည်ထောင်စုစနစ် ပေါ်ပေါက်လာအောင် ဦးတည် ဆောင်ရွက်နေကြောင်း၊လူမှုဘဝဖွံ့ဖြိုး တိုးတက်ရေးကို အနှောင့်အယှက် ြဖစ်စေမည်‌့ လူမှုဘဝအခက်အခဲများကို ဖြေရှင်းခြင်းနှင်‌့  သဘာဝဘေးအန္တရယ် ကာကွယ်ရေးလုပ်ငန်း များကိုလည်း ပူးပေါင်း ဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ကြောင်း၊ ယနေ့တက်ရောက် လာသည့် အသင်းအဖွဲ့များ ၊လူမှုရေး အဖွဲ့အစည်းများ ဖောင်ဒေးရှင်းများအနေဖြင့် မိမိတို့ဝန်ကြီးဌာနအပေါ် ရင်းနီှးပွင့်လင်းစွာ ပူပေါင်းဆောင်ရွက် ကြစေလိုကြောင်း ပြောကြားပါသည်။ ဆက်လက်၍ ရန်ကုန်တိုင်း ဒေသကြီးအစိုးရဖွဲ့ ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အမှာစကားပြောကြားရာတွင် လူသားတွေရဲ့ဘဝကို မစာနာနိုင်ဘဲနှင့် နိုင်ငံရေးလောကထဲ ဘယ်လိုမှမရပ်တည် နိုင်ကြောင်း၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် လူမှုအကျိုးပြု လုပ်ငန်းများကို ဆောင်ရွက် ရာတွင် ပြည်သူများနှင့် လူမှုအဖွဲ့အစည်းများ ကြုံတွေ့နေရတဲ့ အခက်အခဲများကို ကျော်လွှားနိုင်အောင် စနစ်တကျ စီမံခန့်ခွဲပေးမည်ကို ကြားရတဲ့အတွက် အလွန်ဝမ်းသာ စရာကောင်းပါကြောင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ကလည်း CSR အနေဖြင့် အကောင် အထည်ဖော်ပေးနိုင်တဲ့ စီးပွားလုပ်ငန်းရှင်များ၊ ကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်ပေး မည်ဖြစ်ကြောင်း ၊ NGO/INGO များကလည်း စီမံချက်များ အကောင်အထည်ဖော်ရာမှာ ပြည်သူ့အတွက်ထိိရောက်တဲ့ ကူညီမှုဖြစ်စေဖို့ ကြိုးစားဆောင်ရွက်ပေးကြရန် လိုအပ် ကြောင်း၊ ပွင့်လင်းမြင်သာစွာဆောင်ရွက်နိုင်သော ခေတ်သို့ရောက်ပြီဖြစ်၍ အစိုးရ၊ ပြည်သူ နှင့်လူမှုအဖွဲ့အစည်းများ အားလုံးပူးပေါင်း ဆောင်ရွက်ပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့်အတူ လူမှုအကျိုးပြုလုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်ကြပါစေကြောင်းဖြင့်   ပြောကြားသွားပါသည်။ ထို့နောက်  လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေး နှင့်ပြန်လည်နေရာ‌ေရး ဝန်ကြီးဌာန ၊ အမြဲတမ်းအတွင်းဝန်က ဝန်ကြီးဌာန၏ လုပ်ငန်းရပ်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ ထို့နောက် အစည်းအ‌ေ၀း တက် ရောက်လာကြသော လူမှုရေး အဖွဲ့စည်းများ၊ ဖောင်ဒေးရှင်းများမှ တာ၀န်ခံ ကိုယ်စားလှယ် များက လူမှုရေးအသင်းအဖွဲ့ ဖောင်ဒေးရှင်းများ၏ လူမှုရေးဆိုင်ရာ လုပ်ငန်းရပ်များ ဆောင်ရွက်နေမှုများအား အသီးသီးဆွေးနွေး တင်ပြကြသည်။ ပြည်ထောင်စုဝန်ကြီးမှ ဖောင်ဒေးရှင်း၊ အသင်းအဖွဲ့များနှင့် ပေါင်းစပ်ညှိနှိုင်းရေးကို ဆောင်ရွက်ရန်အတွက်ချမှတ် အကောင် အထည်ဖော်နိုင်မည့်  ရှေ့လုပ်ငန်းစဥ်များ ကိုရှင်းလင်းဆွေးနွေးခဲ့ပါသည်။ သဘာ၀ ဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှု ဆိုင်ရာသတင်းအချက် အလက် များ ကို KOBO Mobile Application ဖြင့်ကောက်ယူခြင်း ဆော့၀ဲလ်အား တက်ရောက် လာကြ‌ေသာအဖွဲ့စည်းများ၏ လက်ကိုင်ဖုန်းများတွင် ထည့်သွင်းပေး ခဲ့ပါသည်။ အစည်းအ‌ေ၀းသို့ အောက်မြန်မာပြည်ရှိ လူမှုရေးအဖွဲ့အစည်းများ ဖောင်ဒေးရှင်း (၁၆၄) ဖွဲ့မှ လူဦးရေ(၄၀၀) ကျော်တက်ရောက် ကြကြောင်း သတင်းရရှိ သည်။

ဆက်လက်၍ ပြည်‌ေထာင်စုဝန်ကြီးသည် မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ရှိ လူမှုဝန်ထမ်း အတတ်သင်သိပ္ပံကျောင်းတွင် လူငယ်မူဝါဒရေးဆွဲရေးဆိုင်ရာ ြဖစ်မြောက်‌ေရး ကော်မတီ ဝင်လူငယ်များ ၊  UNFPA/UNICEF/UNVနှင့် UN Team အဖွဲ့ဝင်များ ၊ ဝန်ကြီးဌာနရှိ တာဝန်ရှိပုဂ္ဂိုလ်များနှင့် တွေ့ဆုံပြီး  လူငယ်မူဝါဒ(မူကြမ်း) ရေးဆွဲရေးဆိုင်ရာ ကိစ္စရပ်များ ကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။

 

Sign Up

Upcoming Events