(၂၅-၇-၂၀၁၆) ရက်နေ့တွင် ဆင်ဘိုမြို့၊ အောင်မင်္ဂလာရပ်ကွက်ရှိ မြေနိမ့်ပိုင်းနေရာများသို့ နန့်ခတ်ချောင်းရေတက်မှုကြောင့် ရေဘေးသင့်ပြည်သူအိမ်ထောင်စု(၂၁)စု လူဦးရေ(၈၈)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း(၄)မျိုးနှင့် ဆန်ရိက္ခာဖိုးငွေ (၇၉၂၀၀)ကျပ်အား (၂၉-၇-၂၀၁၆)ရက်နေ့တွင် ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးက ဆင်ဘိုမြို့အုပ်ချုပ်ရေးမှူး ဦးကျော်သူစိုးမှ တဆင့် လွှဲပြောင်း ထောက်ပံ့ပေးအပ်ခဲ့ပါ ကြောင်း သိရှိရပါသည်။