ရာသီဥတုဆိုးရွားလာမှုနှင့် ဘေးအန္တရာယ်များ ကျရောက်လာမှုအပေါ် ခံနိုင်ရည်စွမ်းတည်ဆောက်ခြင်းနှင့် လိုက်လျောညီထွေစွာနေထိုင်ခြင်းစီမံကိန်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲပြုလုပ်ခြင်း

92

ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနနှင့် Plan Internation-Myanmar တို့ ပူးပေါင်း၍ (၂၉-၇-၂၀၁၆)ရက်နေ့ (၀၉း၀၀)နာရီအချိန်မှ (၁၇း၀၀)နာရီအချိန်ထိ နေပြည်တော်၊ Grand Amara Hotel တွင်ကျင်းပပြုလုပ်လျက်ရှိပါသည်။ အလုပ်ရုံဆွေးနွေးပွဲသို့ ဌာနဆိုင်ရာမှ ကိုယ်စားလှယ်များ၊ အစိုးရမဟုတ်သော ပြည်တွင်းအဖွဲ့အစည်းများ စုစုပေါင်း (၅၆)ဦးတက်ရောက် ခဲ့ကြပြီး၊ “ရာသီဥတုဆိုးရွားပြင်းထန်မှုများကြောင့် ဖြစ်ပေါ်လာနိုင်သော ဘေးအန္တရာယ်များမှ အသက် အိုးအိမ်စည်းစိမ်များကို ကာကွယ်နိုင်ရန်၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများအား ကာကွယ်ရန်၊ အဖွဲ့အစည်းများအချင်းချင်းပူးပေါင်းချိတ်ဆက်ဆောင်ရွက်မှုအား ပိုမိုကောင်းမွန်စေရန်နှင်‌့ မူဝါဒများ ပြုပြင်ပြောင်းလဲခြင်းများတွင်လည်း ပါ၀င်ဆောင်ရွက်ခြင်းဖြင့် မြန်မာပြည်သူ (၃၅၀,၀၀၀)ဦးတို့အား ရာသီဥတုပြင်းထန်လွန်ကဲမှုများမှ ဘေးဒဏ်ခံနိုင်ရည်စွမ်းများ မြှင်‌့တက်လာစေရန်”ဟု ရည်ရွယ်၍ ပြုလုပ်ြခင်းဖြစ်ကြောင်းသတင်းရရှိပါသည်။

Sign Up

Upcoming Events