Category Archives: News
-
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်အတွင်း ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပေးမှုသတင်း
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်အတွင်း ရေကြီးရေလွှမ်းမိုးလျက်ရှိသည့် အမှတ် (၄) ရပ်ကွက်ရှိ အိမ်ထောင်စု (၆၅) စုမှ လူဦးရေ (၂၅၅) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး (၆၅) အိမ်ထောင်စာအား (၂၉-၇-၂၀၁၆) ရက်နေ့တွင် ညောင်ဦးခရိုင်ဦးစီးမှူးရုံး (ကဆရ) ထောက်ပံ့ပေးခဲ့ပြီး (၂-၈-၂၀၁၆) ရက်နေ့တွင် အမှတ် (၄) ရပ်ကွက်ရှိ ရေဘေးသင့်အိမ်ထောင်စု (၁၀၇) စုမှ လူဦးရေ (၄၂၆) ဦးအတွက် ဆန်ရိက္ခာဘိုးထောက်ပံ့ငွေကျပ် (၃၈၃,၄၀၀) တိတိကို ထပ်မံထောက်ပံ့ပေးခဲ့ပါသည်။ အလားတူ ညောင်ဦးမြို့နယ်၊ အောက်ညဉ့်ကျေးရွာအုပ်စု၊ … Read more
-
ရေဘေးသင့်ပြည်သူများအတွက်ထောက်ပံ့ပေးအပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မော်လိုက်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မော်လိုက်မြို့နယ် မြို့ပေါ်ရပ်ကွက်(၂)ရပ်ကွက် ကျေးရွာ(၁၁)ရွာမှချင်းတွင်းမြစ်ရေမြင့်တက်မှုကြောင့် (၂၇.၇.၂၀၁၆)ရက်နေ့ အထိပြောင်းရွှေ့လူဦးရေ (၅၇၂) ဦးအတွက်ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၅၁၄၈ဝဝ)ကျပ်အား (၁.၈.၂၀၁၆)ရက်နေ့တွင် မြို့နယ်အထွေထွေအုပ်ချူပ်ရေးဦးစီးဌာနမှတဆင့်ထောက်ပံ့ခဲ့ကြောင်း သိရှိရ ပါသည်။
-
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ ရေဘေးသင့်ပြည်သူများအား ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်၊ တောင်ဘီကျေးရွာအုပ်စု၊ ဆယ်လန်ကျေးရွာရှိ ရေဘေးသင့် အိမ်ထောင်စု (၂၉၈)စုမှ လူဦးရေ (၁၂၄၄) ဦးအတွက် ဆန်ရိက္ခာ (၃)ရက်စာ ဖိုးကျသင့်ငွေကျပ် (၁၁၁၉၆၀၀)ကျပ်အား (၁-၈-၂၀၁၆) ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
-
မိုးကြိုးဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျောက်မဲခရိုင်၊နောင်ချိုမြို့နယ်၊ ဘူတာရပ်ကွက်နယ်မြေ(၁၃)နေ ဦးမူတူး(၃၂)နှစ်သည်(၂၈. ၇. ၂၀၁၆)ရက်နေ့တွင် မိုးကြိုးဘေးဖြစ်ပွားပြီးသေဆုံးသွားပါသဖြင့် (၁. ၈. ၂၀၁၆)ရက်နေ့တွင် ကျန်ရစ်သူမိသားစုထံသို့ ထောက်ပံ့ငွေ(၁၀၀၀၀၀/)ကျပ်အား သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
-
သရက်မြို့နယ်အတွင်းမြစ်ရေကြီးမှုကြောင့်ပြောင်းရွှေ့အိမ်ထောင်စုများအတွက်ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သရက်မြို့နယ်အတွင်းမြစ်ရေကြီးမှု ကြောင့်ဇူလိုင်လ (၁၅ )ရက်နေ့မှ (၃၁)ရက်နေ့အထိ ပြောင်းရွှေ့အိမ်ထောင်စု (၂၄၇)စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၄)မျိုး (၂၄၇) အိမ်ထောင်စာနှင့် ဆန်ဖိုး ထောက်ပံ့ငွေကျပ် (၈၄၁၅၀၀/)- ကို သရက်ခရိုင်ဦးစီးမှူးမှ (၁ – ၈ -၂၀၁၆)ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
-
ရေဘေးသင့်ပြည်သူများထံသို့ လူမှု/ကယ်ဆယ်ပြည်ထောင်စုဝန်ကြီး သွားရောက်ကြည့်ရှု့အားပေးမှုသတင်း
၁။ မြန်မာနိုင်ငံ နေရာဒေသအချို့တွင် မြစ်ရေလျှံမှုများ ဖြစ်ပွားလျှက်ရှိရာ မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်ရှိ ဆင်ကျုံးမြို့ဟောင်း၊ ငါးရာပြကျေးရွာ၊ ကျီးပင်ကျေးရွာများသို့ ၂၀၁၆ ခုနှစ် သြဂုတ်လ (၁) ရက်နေ့ မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် ဝန်ကြီးဌာနမှ တာဝန်ရှိသူများ ရောက်ရှိကြပါသည်။ ၂။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဆင်ကျုံးမြို့ရိုးကျိုးပေါက်မှု အခြေအနေကို လေ့လာ ကြည့်ရှု့ပါသည်။ ယင်းနောက် ငါးရာပြရွာ နှင့် ကျီးပင်ရွာတို့၏ ရေနစ်မြှပ်မှုအခြေအနေများကို စက်လှေ များဖြင့် … Read more
-
ချင်းပြည်နယ်၊ဖလမ်းမြို့နယ်၊ဇောလ်ပီးကျေးရွာမြေပြိုဘေးအန္တရာယ်ကြောင့်ရွေ့ပြောင်းသည့်ပြည်သူများအတွက်ထောက်ပံ့မှုသတင်း
(၃၁.၇.၂၀၁၆)ရက်နေ့(ဝ၈းဝ၀) နာရီအချိန်၌ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ဇောလ်ပီးကျေးရွာ မြေပြိုဘေးအန္တရာယ်ကြောင့်ရွေ့ပြောင်းသည့်ပြည်သူများအတွက် ပြည်နယ်အစိုးရမှ ဆန်သုံးလစာ( ၆၁ )အိတ်ခွဲ နှင့် ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ချင်းပြည်နယ်ဦးစီးမှူးရုံးမှ ကယ်ဆယ်ရေးပစ္စည်း (၉)မျိုး (၁၂) အိမ်ထောင်စာ တို့အတွက် ထောက်ပံ့ပေးခဲ့ရာကျေးရွာအုပ်ချုပ်ရေးမှူးက လက်ခံပြီးကျေးဇူးတင်စကားပြောကြားပေးခဲ့ကြောင်း သိရှိရ ပါသည်။
-
ရေဘေးသင့်ပြည်သူများအတွက်ထောက်ပံ့ပေးအပ် မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မော်လိုက်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ကလေးခရိုင် ကလေးဝမြို့နယ်တွင်(၂၅.၇.၂၀၁၆)ရက်နေ့မှစတင်ပြီး ချင်းတွင်းမြစ်ရေမြင့်တက်မှုကြောင့် ရေဘေးသင့်ရွှေ့ပြောင်း အိမ်ထောင်စု (၂၉၅) စု၊ လူဦးရေ (၁၄၈၅)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံငွေ (၁၃၃၃၈၀၀)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၄)မျိုး (၂၉၅) အိမ်ထောင်စာအတွက်စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး ကိုယ်စား မော်လိုက်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများမှ (၃၀.၇.၂၀၁၆)ရက်နေ့တွင် ကလေးဝမြို့နယ်ထွေ/အုပ်ရုံးသို့ပေးအပ်ခဲ့ကြောင်း သိရှိရ ပါသည်။
-
ရေဘေးသင့်ပြည်သူများအတွက်ထောက်ပံ့ပေးအပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ညောင်ဦးခရိုင်ဦးစီးမှူးရုံး မှတာဝန်ရှိသူများသည် ညောင်ဦးမြို့နယ်အတွင်း (၂၇-၇-၂၀၁၆)ရက်နေ့ တွင် ရေဘေးဖြစ်ပွားသော တောင်ဘီကျေးရွာအုပ်စု ဆယ်လံကျေးရွာမှ အိမ်ထောင်စု (၃၂၀)စာနှင့်မြို့ပေါ်ရပ်ကွက် အမှတ်(၄) မှအိမ်ထောင်စု (၆၅)စာ ကယ်ဆယ်ရေးပစ္စည်း(၄)မျိုး စုစုပေါင်း (၃၈၅)အိမ်ထောင်စုစာကို ရေဘေးသင့် မိဘပြည်သူများလက်ဝယ်အရောက် (၂၉-၇-၂၀၁၆)ရက်နေ့တွင် သွားရောက် ထောက်ပံ့ခဲ့ကြောင်းသိရှိရ ပါသည်။
-
မန္တလေးတိုင်းဒေသကြီးအတွင်း ရေကြီးရေလျှံမှုများ ဖြစ်ပွားလျက်ရှိခြင်းနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ကူညီထောက်ပံ့မှု များဆောင်ရွက်လျက်ရှိခြင်း
– မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အမရပူရ၊ စဉ့်ကူး၊ ပုသိမ်ကြီးနှင့် တံတားဦးမြို့နယ်များအတွင်းရှိ ရပ်ကွက်/ကျေးရွာအချို့တွင် ဧရာဝတီမြစ်ရေ၊ ဒုဌဝတီမြစ်ရေများ မြင့်တက်မှုကြောင့် (၂၉-၇-၂၀၁၆) နေ့မှစ၍ ရေကြီးရေလျှံမှုဖြစ်ပွားလျက်ရှိရာ (၃၀-၇-၂၀၁၆) နေ့အခြေအနေအရ -အမရပူရမြို့နယ်တွင် အိမ်ထောင်စု(၃၄၀၀)ကျော်မှ လူဦးရေ (၁၂၀၀၀)ကျော်ခန့် – စဉ့်ကိုင်မြို့နယ်တွင် အိမ်ထောင်စု (၄၂၀)ကျော်မှ လူဦးရေ (၆၀၀၀)ကျော်ခန့် – စဉ့်ကူးမြို့နယ်တွင် အိမ်ထောင်စု (၄၅)စုခန့်မှ လူဦးရေ (၂၀၀)ခန့် -ပုသိမ်ကြီးမြို့နယ်တွင် အိမ်ထောင်စု (၂၀၀)ကျော်မှ လူ်ဦးရေ (၆၀၀)ကျော်ခန့် -တံတားဦးမြိို့နယ်တွင် အိမ်ထောင်စု (၃၄၀)ကျော်မှ လူဦးရေ … Read more









