(၃၁.၇.၂၀၁၆)ရက်နေ့(ဝ၈းဝ၀) နာရီအချိန်၌ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ဇောလ်ပီးကျေးရွာ မြေပြိုဘေးအန္တရာယ်ကြောင့်ရွေ့ပြောင်းသည့်ပြည်သူများအတွက် ပြည်နယ်အစိုးရမှ ဆန်သုံးလစာ( ၆၁ )အိတ်ခွဲ နှင့် ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ချင်းပြည်နယ်ဦးစီးမှူးရုံးမှ ကယ်ဆယ်ရေးပစ္စည်း (၉)မျိုး (၁၂) အိမ်ထောင်စာ တို့အတွက် ထောက်ပံ့ပေးခဲ့ရာကျေးရွာအုပ်ချုပ်ရေးမှူးက လက်ခံပြီးကျေးဇူးတင်စကားပြောကြားပေးခဲ့ကြောင်း
သိရှိရ ပါသည်။