မန္တလေးတိုင်းဒေသကြီးအတွင်း ရေကြီးရေလျှံမှုများ ဖြစ်ပွားလျက်ရှိခြင်းနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ကူညီထောက်ပံ့မှု များဆောင်ရွက်လျက်ရှိခြင်း

– မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အမရပူရ၊ စဉ့်ကူး၊ ပုသိမ်ကြီးနှင့် တံတားဦးမြို့နယ်များအတွင်းရှိ ရပ်ကွက်/ကျေးရွာအချို့တွင် ဧရာဝတီမြစ်ရေ၊ ဒုဌဝတီမြစ်ရေများ မြင့်တက်မှုကြောင့် (၂၉-၇-၂၀၁၆) နေ့မှစ၍ ရေကြီးရေလျှံမှုဖြစ်ပွားလျက်ရှိရာ (၃၀-၇-၂၀၁၆) နေ့အခြေအနေအရ
-အမရပူရမြို့နယ်တွင် အိမ်ထောင်စု(၃၄၀၀)ကျော်မှ လူဦးရေ (၁၂၀၀၀)ကျော်ခန့်
– စဉ့်ကိုင်မြို့နယ်တွင် အိမ်ထောင်စု (၄၂၀)ကျော်မှ လူဦးရေ (၆၀၀၀)ကျော်ခန့်
– စဉ့်ကူးမြို့နယ်တွင် အိမ်ထောင်စု (၄၅)စုခန့်မှ လူဦးရေ (၂၀၀)ခန့်m1 m2 m3 m5
-ပုသိမ်ကြီးမြို့နယ်တွင် အိမ်ထောင်စု (၂၀၀)ကျော်မှ လူ်ဦးရေ (၆၀၀)ကျော်ခန့်
-တံတားဦးမြိို့နယ်တွင် အိမ်ထောင်စု (၃၄၀)ကျော်မှ လူဦးရေ (၁၃၀၀)ကျော်ခန့်ကို ရေဘေးလွတ်ကင်းရာ ဘုန်းကြီးကျောင်းများ၊ စာသင်ကျောင်းများ၊ ကုန်းမြင့်များသို့ ယာယီပြောင်းရွှေ့ပေးလျက်ရှိပါသည်။
-လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနအေနေဖြင့် အဆိုပါ ရေဘေးသင့်ပြည်သူအများအတွက် အမြန်ဆုံးထောက်ပံ့ပေးနိုင်ရေး ဆောင်ရွက်လျှက်ရှိရာ ယနေ့ (၃၀-၇-၂၀၁၆)တွင် မန္တလေးတိုင်းဒေသကြီးဦးစီးမှူးနှင့်အဖွဲ့သည် ရေးဘေးသင့်နေရာများသို့ သွားရောက်ကာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတာဝန်ရှိသူများနှင့်အတူ အရေးပေါ်စားရေရိက္ခာများ ထောက်ပံ့ပေးလျှက်ရှိပါသည်။ ထောက်ပ့ံမှုများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events