ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မော်လိုက်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ကလေးခရိုင် ကလေးဝမြို့နယ်တွင်(၂၅.၇.၂၀၁၆)ရက်နေ့မှစတင်ပြီး ချင်းတွင်းမြစ်ရေမြင့်တက်မှုကြောင့် ရေဘေးသင့်ရွှေ့ပြောင်း အိမ်ထောင်စု (၂၉၅) စု၊ လူဦးရေ (၁၄၈၅)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံငွေ (၁၃၃၃၈၀၀)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၄)မျိုး (၂၉၅) အိမ်ထောင်စာအတွက်စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး ကိုယ်စား မော်လိုက်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများမှ (၃၀.၇.၂၀၁၆)ရက်နေ့တွင် ကလေးဝမြို့နယ်ထွေ/အုပ်ရုံးသို့ပေးအပ်ခဲ့ကြောင်း
သိရှိရ ပါသည်။