ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ညောင်ဦးခရိုင်ဦးစီးမှူးရုံး မှတာဝန်ရှိသူများသည် ညောင်ဦးမြို့နယ်အတွင်း (၂၇-၇-၂၀၁၆)ရက်နေ့ တွင် ရေဘေးဖြစ်ပွားသော
တောင်ဘီကျေးရွာအုပ်စု ဆယ်လံကျေးရွာမှ အိမ်ထောင်စု (၃၂၀)စာနှင့်မြို့ပေါ်ရပ်ကွက် အမှတ်(၄) မှအိမ်ထောင်စု (၆၅)စာ ကယ်ဆယ်ရေးပစ္စည်း(၄)မျိုး စုစုပေါင်း
(၃၈၅)အိမ်ထောင်စုစာကို ရေဘေးသင့် မိဘပြည်သူများလက်ဝယ်အရောက် (၂၉-၇-၂၀၁၆)ရက်နေ့တွင် သွားရောက် ထောက်ပံ့ခဲ့ကြောင်းသိရှိရ ပါသည်။