မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်အတွင်း ရေကြီးရေလွှမ်းမိုးလျက်ရှိသည့် အမှတ် (၄) ရပ်ကွက်ရှိ အိမ်ထောင်စု (၆၅) စုမှ လူဦးရေ (၂၅၅) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး (၆၅) အိမ်ထောင်စာအား (၂၉-၇-၂၀၁၆) ရက်နေ့တွင် ညောင်ဦးခရိုင်ဦးစီးမှူးရုံး (ကဆရ) ထောက်ပံ့ပေးခဲ့ပြီး (၂-၈-၂၀၁၆) ရက်နေ့တွင် အမှတ် (၄) ရပ်ကွက်ရှိ ရေဘေးသင့်အိမ်ထောင်စု (၁၀၇) စုမှ လူဦးရေ (၄၂၆) ဦးအတွက် ဆန်ရိက္ခာဘိုးထောက်ပံ့ငွေကျပ် (၃၈၃,၄၀၀) တိတိကို ထပ်မံထောက်ပံ့ပေးခဲ့ပါသည်။
အလားတူ ညောင်ဦးမြို့နယ်၊ အောက်ညဉ့်ကျေးရွာအုပ်စု၊ အောက်ညဉ့်ကျေးရွာအတွင်း ရေဘေးသင့်အိမ်ထောင်စု (၄၄) စုမှ လူဦးရေ (၁၆၇) ဦးအတွက် ဆန်ရိက္ခာဘိုးထောက်ပံ့ငွေကျပ် (၁၅၀,၃၀၀) တိတိကို (၂-၈-၂၀၁၆) ရက်နေ့တွင် ညောင်ဦးခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။
Source: ညောင်ဦးခရိုင်ဦးစီးမှူးရုံး (ကဆရ)