ရေဘေးသင့်ပြည်သူများထံသို့ လူမှု/ကယ်ဆယ်ပြည်ထောင်စုဝန်ကြီး သွားရောက်ကြည့်ရှု့အားပေးမှုသတင်း

Capture2၁။      မြန်မာနိုင်ငံ နေရာဒေသအချို့တွင် မြစ်ရေလျှံမှုများ ဖြစ်ပွားလျှက်ရှိရာ မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်ရှိ ဆင်ကျုံးမြို့ဟောင်း၊ ငါးရာပြကျေးရွာ၊ ကျီးပင်ကျေးရွာများသို့ ၂၀၁၆ ခုနှစ် သြဂုတ်လ (၁) ရက်နေ့ မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် ဝန်ကြီးဌာနမှ တာဝန်ရှိသူများ ရောက်ရှိကြပါသည်။     ၂။          ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဆင်ကျုံးမြို့ရိုးကျိုးပေါက်မှု အခြေအနေကို လေ့လာ ကြည့်ရှု့ပါသည်။ ယင်းနောက် ငါးရာပြရွာ နှင့် ကျီးပင်ရွာတို့၏ ရေနစ်မြှပ်မှုအခြေအနေများကို စက်လှေ များဖြင့် လှည့်လည်ကြည့်ရှု့ပြီး အရေးပေါ် စားသောက်နိုင်ရန်အတွက် ဆန်၊ ရေသန့်၊ ခြောက်ဆွဲခြောက်၊ တာပေါ်လင်များ၊ ရေသန့်ဆေးနှင့် ဓါတ်ဆားမှုန့်များကို ပြည်သူများ လက်ဝယ်အရောက် ပေးအပ်ခဲ့ပါ သည်။

၃။      ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တံတားဦးမြို့နယ်၊ မှန်တောင်သန်းသန္တာဓမ္မာရုံရှိ ရေဘေးသင့် ဒုက္ခသည်ယာယီစခန်းသို့ ရောက်ရှိပြီး ရေဘေးသင့်ပြည်သူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံအား ပေးကာ ဆန်၊ ငါးသေတ္တာ၊ ရေသန့်၊ တာပေါ်လင်လိပ်များကို လက်ဝယ်အရောက် ပေးအပ်ခဲ့ပါသည်။

၄။     ဆက်လက်၍ စဉ့်ကိုင်မြို့နယ်၊ မြေတော်ကျေးရွာရှိ ရေဘေးသင့်ပြည်သူများထံသို့ ရောက်ရှိပြီး ဆန်၊ ငါး သေတ္တာဗူး၊ ရေသန့်နှင့် ခေါက်ဆွဲခြောက်များကို ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

၅။      ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဇော်မြင့်မောင် လိုက်ပါလျှက် အမရပူရမြို့နယ်၊ ဆေးအိုးဘိုကျေးရွာသို့ ရောက်ရှိပြီး ကျေးရွာ(၉)ရွာမှ ရေဘေးသင့် ပြည်သူများ နှင့်တွေ့ဆုံကာ ဆန်အိတ်( ၄၁) အိတ်ကို ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

၆။      ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ ရတနာစေတီ ဆင်များရှင် ဘုရား၌ ယာယီဖွင့်လှစ်ထားရှိသော ရေဘေးသင့်ဒုက္ခသည်စခန်းသို့ ရောက်ရှိပြီး အိမ်ထောင်စု  (၁၈၂၁)စု အတွက် ဆန်(၂၁၅)အိတ်နှင့်ညီမျှသော ငွေကျပ်(၆၂.၁)သိန်းကျပ်တိတိကို ထောက်ပံ့ပေးအပ်ရာ စစ်ကိုင်းခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးလှမျိုးထွန်းက လက်ခံရယူပါသည်။ ထို့နောက် ပြည်ထောင်စု ဝန်ကြီး နှင့်အဖွဲ့သည် ထားဝယ် ချောင်ရပ်ကွက်၊ အေးမြဝတီရပ်ကွက်များ၏ ရေနစ်မြှပ်မှုအခြေအနေများကို လှည့်လည်ကြည့်ရှု့ပြီး ရေဘေးသင့် ပြည်သူများကို အားပေးစကားပြောကြားခဲ့ပါသည်။

Sign Up

Upcoming Events