Category Archives: News
-
လူငယ်တွေ့ဆုံပွဲဆွေးနွေးပွဲရလဒ်များ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ခြင်း နှင့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး အား အဖွဲ့အစည်းများမှ သီးခြားစီလာရောက်တွေ့ဆုံခြင်း
လူငယ်များသည် နိုင်ငံ၏အနာဂတ်ကို လက်ဆင့်ကမ်းတာဝန်ယူကြရမည်ဖြစ် ရာ လူငယ်များ ကျန်းမာကြံ့ခိုင်ခြင်း၊ ဉာဏ်ပညာထက်မြတ်ခြင်း၊ စာရိတ္တကောင်းမွန် ခြင်းနှင့် ဆန်းသစ်တီထွင်နိုင်ခြင်းစသည့် အရည်အချင်းများနှင့်ပြည့်စုံပြီး လူငယ်တို့၏ အခွင့်အရေး ရပိုင်ခွင့်များကို ထုတ်ဖော်တင်ပြခွင့်ရနိုင်ရေးနှင့် နိုင်ငံတော်၏ဖွံ့ဖြိုး တိုးတက်မှုလုပ်ငန်းများတွင် စနစ်တကျ ပါဝင်နိုင်ရေးအတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ လူငယ်မူဝါဒတစ်ရပ် ပေါ်ပေါက်ရေးသည် အရေးကြီးပါကြောင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ လူငယ်တွေ့ဆုံပွဲရလဒ်များကို အသိပေးဆွေးနွေးခြင်း၊ အခမ်း အနားကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနတွင် (၁၀-၈-၂၀၁၆) ရက်နေ့နံနက်က ကျင်းပရာ ၌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြောကြားခဲ့ပါသည်။ … Read more
-
တိုင်းဒေသကြီး/ပြည်နယ်အသီးသီး၌ ရေဘေးဖြစ်ပွားနေမှုအခြေအနေများနှင့် လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာနမှ ထောက်ပံ့ပေးမှုအခြေအနေ(၁၀.၈.၂၀၁၆) ရက်နေ့အထိ
– ၂၀၁၆ခုနှစ်၊ ဇူလိုင်လလယ်ခန့်မှ စတင်ဖြစ်ပွားလျက်ရှိသော ရေကြီးရေလျှံမှုများကြောင့် တိုင်း ဒေသကြီး/ပြည်နယ်အချို့တွင် ပြည်သူများအား ဘေးလွတ်ကင်းရာနေရာများသို့ ယာယီပြောင်းရွှေ့ နေရာချထားပေးမှုများရှိခဲ့ရာ (၁၀-၈-၂၀၁၆)နေ့အထိ အိမ်ထောင်စု(၉)သောင်းကျော်မှ လူဦးရေ (၄)သိန်း(၁) သောင်းခန့်ကို ပြောင်းရွှေ့နေရာချထားပေးခဲ့ရပါသည်။ လူ(၆)ဦးသေဆုံးခဲ့ပါသည်။ ယခုအခါ အချို့နေရာများတွင် ရေများပြန်လည် ကျဆင်းသွားပြီဖြစ်သဖြင့် မူလနေရာများ သို့ပြန်လည်ရွှေ့ပြောင်းလျက်ရှိကြပါသည်။ အဆိုပါ ရေဘေးဒဏ်ခံစားခဲ့ရသည့်ပြည်သူများ အတွက် လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး၀န်ကြီးဌာနမှ ကူညီထောက်ပံ့မှု များ ဆောင်ရွက်လျက်ရှိရာ (၁၀-၈-၂၀၁၆) နေ့တွင်- – မကွေးတိုင်းဒေသကြီးဦးစီးမှူးနှင့်အဖွဲ့သည် ဘေးသင့်ဒေသ … Read more
-
ပုဏ္ဏားကျွန်းမြို့နယ်၊ ကုလားချောင်းကျေးရွာတွင် လူထုအခြေပြု သဘာဝဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ဇာတ်တိုက်အစမ်းလေ့ကျင့်ခန်း ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၈-၂၀၁၆) ရက်နေ့တွင် နံနက် (၉:၀၀) နာရီမှ (၁၁:၀၀)နာရီအချိန်ထိ ပုဏ္ဏားကျွန်းမြို့နယ်၊ ကုလားချောင်းကျေးရွာတွင် လူထုအခြေပြု သဘာဝဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ဇာတ်တိုက်အစမ်းလေ့ကျင့်ခန်းကို လူဦးရေ (၃၅၀) ဖြင့် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။ Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး
-
ဧရာဝတီတိုင်းဒေသကြီး၊ လပ္ပတ္တာမြို့နယ်ရှိ ကျောင်းသား/ကျောင်းသူများအား သဘာဝဘေး အသိပညာပေးဟောပြောခဲ့သည့်သတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် စားသုံးရေးရာဦးစီး ဌာနမှ မြို့နယ်ဦးစီးမှူးတို့သည် ဧရာဝတီတိုင်းဒေသကြီး၊ လပ္ပတ္တမြို့နယ်၊ ရွေးမြစ်ဘေး၊ ကျောက်မှော်ရွာ မူလတန်းကျောင်း မှ ကျောင်းသား/ကျောင်းသူ (၁၀၀)ဦး၊ ကျောက်ဖြူရွာရှိ မူလွန်ကျောင်းမှ ကျောင်းသား/ကျောင်းသူ (၂၉၀)ဦး ၊ စုစုပေါင်း (၃၉၀)ဦးအား (၉-၈-၂၀၁၆) ရက်နေ့တွင် သဘာဝဘေးအသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရပါသည်။
-
ပဲခူးတိုင်းဒေသကြီး၊ ကျောက်တန်းကျေးရွာအုပ်စုရှိ လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
ပဲခူးတိုင်းဒေသကြီး၊ ကျောက်တန်းကျေးရွာအုပ်စုရှိ လေဘေးသင့်ပြည်သူများအတွက် (၂)အိမ်ထောင်စာ ကယ်ဆယ်ရေးပစ္စည်း (၄)မျိုးတန်ဖိုး (၁၆၂၆၀)ကျပ် နှင့် အမိုးလန် (၂)အိမ်အတွက် (၄၀၀၀၀) ကျပ်၊ စုစုပေါင်း (၅၆၂၆၀) ကျပ်ကို ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)မှ (၁၀-၈-၂၀၁၆) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရှိရပါသည်။
-
ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၊ ဒရယ်မီးချောင်းရေလျှံမှုကြောင့် ပြောင်းရွှေ့ရသော အိမ်ထောင်စုများအတွက် သွားရောက်ထောက်ပံ့မှု သတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၊ ဒရယ်မီးချောင်းရေလျှံမှုကြောင့် ပြောင်းရွှေ့ရသော အိမ်ထောင်စု (၁၅၁) စုမှ လူဦးရေ (၆၄၀) ဦးအတွက် ဆန်ရိက္ခာ (၁၀)ရက်စာ (၁၉၂၀၀၀၀) ကျပ်ဖိုးနှင့် ငါးသေတ္တာ(၈၇)ဗူး (၂၆၁၀၀) ကျပ် စုစုပေါင်း (၁၉၄၆၁၀၀) ကျပ်ဖိုးအား (၇-၈-၂၀၁၆) ရက်နေ့နှင့် (၉-၈-၂၀၁၆) ရက်နေ့တို့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်းသတင်း ရရှိပါသည်။
-
ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့နယ်၊ ရေဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးသည် (၉-၈-၂၀၁၆) ရက်နေ့၊ ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ၏ ခရီးစဉ်တွင် မိုးညိုမြို့နယ်အတွင်းရှိ ရေဘေးကယ်ဆယ်ရေးစခန်းများရှိ ပြောင်းရွှေ့အိမ်ထောင်စု (၅,၂၉၃)၊ လူဦးရေ (၁၈,၈၃၁) ဦးအတွက် ဆန်ရိက္ခာဖိုးငွေကျပ် (၃၉,၅၄၅,၁၀၀)၊ တာပေါ်လင် (၃) လိပ်၊ မိုးကာစ (၁၀) ထုပ်၊ မြက်ဖျာဝယ်ယူရန် ငွေ (၅) သိန်းကျပ်၊ အာဟာရမှုန့် (၅,၀၀၀) ထုပ်နှင့် သောက်ရေသန့် (၁၂,၂၄၀) ထုပ်များကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ Source : ပြည်ခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
တိုင်းဒေသကြီး/ ပြည်နယ်အသီးသီး၌ ရေဘေးဖြစ်ပွားနေမှုအခြေအနေများနှင့် လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာနမှ (၉-၈-၂၀၁၆) ရက်နေ့အထိ ထောက်ပံ့ ပေးမှုအခြေအနေသတင်း
၂၀၁၆ ခုနှစ်၊ ဇူလိုင်လလယ်ခန့်မှ စတင်ဖြစ်ပွားလျက်ရှိသော ရေကြီးရေလျှံမှုများကြောင့် တိုင်းဒေသကြီး/ ပြည်နယ်အချို့တွင် ပြည်သူများအား ဘေးလွတ်ကင်းရာနေရာများသို့ ယာယီ ပြောင်းရွှေ့နေရာချထားပေးမှုများရှိခဲ့ရာ (၉-၈-၂၀၁၆) နေ့အထိ အိမ်ထောင်စု (၉) သောင်းကျော်မှ လူဦးရေ (၄) သိန်း (၁) သောင်းခန့်ကို ပြောင်းရွှေ့နေရာချထားပေးခဲ့ရပါသည်။ သို့သော် ယခုအခါ အချို့နေရာများတွင် ရေများ ပြန်လည်ကျဆင်းသွားပြီဖြစ်သဖြင့် မူလနေရာများသို့ ပြန်လည် ရွှေ့ပြောင်းလျက်ရှိကြပြီး အချို့နေရာများတွင် ဘေးလွတ်ရာသို့ ထပ်မံပြောင်းရွှေ့မှုများလည်း ရှိနေပါသည်။ အဆိုပါ ရေဘေးဒဏ်ခံစားခဲ့ရသည့် ပြည်သူများအတွက် လူမှု၀န်ထမ်း၊ ကယ်ဆယ် ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာနမှ … Read more
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာနနှင့် UNOCHA တို့ ပူးပေါင်း၍ “Civil Military Coordination Workshop on Disaster Management” အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ခြင်း
၁။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာနနှင့် UNOCHA တို့ ပူးပေါင်းကျင်းပသည့် “Civil Military Coordination Workshop on Disaster Management” ကို (၉.၈.၂၀၁၆)ရက်နေ့မှ (၁၀.၈.၂၀၁၆)ရက်နေ့အထိ အမရာဟိုတယ်၊ နေပြည်တော်တွင် ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် UNOCHA တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ ၂။ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ခြင်းမှာ သဘာဝဘေးအန္တရာယ်တုံ့ပြန်ဆောင်ရွက်မှုများတွင် အရပ်ဘက်-စစ်ဘက် ပူးပေါင်းဆောင်ရွက်မှု အားကောင်းလာပြီး … Read more









