ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၊ ဒရယ်မီးချောင်းရေလျှံမှုကြောင့် ပြောင်းရွှေ့ရသော အိမ်ထောင်စုများအတွက် သွားရောက်ထောက်ပံ့မှု သတင်း

ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၊ ဒရယ်မီးချောင်းရေလျှံမှုကြောင့် ပြောင်းရွှေ့ရသော အိမ်ထောင်စု (၁၅၁) စုမှ လူဦးရေ (၆၄၀) ဦးအတွက် ဆန်ရိက္ခာ (၁၀)ရက်စာ (၁၉၂၀၀၀၀) ကျပ်ဖိုးနှင့် ငါးသေတ္တာ(၈၇)ဗူး (၂၆၁၀၀) ကျပ် စုစုပေါင်း (၁၉၄၆၁၀၀) ကျပ်ဖိုးအား (၇-၈-၂၀၁၆) ရက်နေ့နှင့် (၉-၈-၂၀၁၆) ရက်နေ့တို့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်းသတင်း ရရှိပါသည်။

Sign Up

Upcoming Events