Category Archives: News
-
တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်၊ ထောင်းနီကျေးရွာ အမက စာသင်ကျောင်းတွင် ငလျင်ဘေးအန္တရာယ် သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်း ဆောင်ရွက်ခဲ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်၊ ထောင်းနီကျေးရွာရှိ မူလတန်းကျောင်းတွင် ငလျင်ဘေးအန္တရာယ် သဏ္ဍာန်တူဇာတ်တိုက် လေ့ကျင့်ခြင်းကို WorldVision Myanmar အဖွဲ့အစည်း နှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
-
ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ သပြုချိန်တိုက်နယ်ကွင်းကျေးရွာတွင် မြေပြိုမှုကြောင့် ထိခိုက်သွားသော အိမ်ထောင်စုများအတွက် သွားရောက်ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သံတွဲခရိုင်၊ သံတွဲမြို့နယ်၊ သပြုချိန်တိုက်နယ်ကွင်းပိုင်းကျေးရွာတွင် မြေပြိုမှုကြောင့် ထိခိုက်ပျက်စီးသွားသော နေအိမ်များအတွက် သွားရောက်ထောက်ပံ့ခဲ့ရာ အိမ်နောက်ဘက်ပိုင်း ပျက်စီးခဲ့ရသည့် လူနေအိမ်တစ်လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀၀၀)ကျပ်၊ လူနှစ်ဦးအတွက် ဆန်ရိက္ခာဖိုး (၁၈၀၀)ကျပ် နှင့် ကယ်ဆယ်ရေးပစ္စည်း (၄)မျိုးတို့အား သံတွဲမြို့နယ် ဒုတိယ အုပ်ချုပ်ရေးမှူး ထံသို့ (၁၇-၈-၂၀၁၆) ရက်နေ့က လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
-
test1
test1
-
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့နယ်အတွင်းရှိ ကူးစက်ရောဂါဖြစ်ပွားခဲ့သော ကျေးရွာများသို့ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာနမှ စားနပ်ရိက္ခာများပေးပို့ ထောက်ပံ့မှုသတင်း
– အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာနသည် ကာကွယ် ရေး၀န်ကြီးဌာနနှင့်ပူးပေါင်း၍ ၂၀၁၆ ခုနှစ်၊ ဇူလိုင်လနှင့် သြဂုတ်လအတွင်း နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့နယ်အတွင်းရှိ ကူးစက်ရောဂါများဖြစ်ပွားခဲ့သော ကျေးရွာများအတွက် အရေးပေါ်လိုအပ်သော စားနပ်ရိက္ခာများ၊ အဟာရဖြည့်စွက်စာများ ကို တပ်မတော် Y-8 လေယာဉ်ဖြင့် ဟုမ္မလင်းမြို့သို့လည်းကောင်း၊ ဟုမ္မလင်းမြို့မှတဆင့် ရဟတ်ယာဉ်ဖြင့် ခန္တီးမြို့သို့လည်းကောင်း၊ ခန္တီးမြို့မှတဆင့် မော်တော်ယာဉ်များဖြင့် လဟယ်မြို့သို့လည်းကောင်းပို့ဆောင်လျက်ရှိပါသည်။ – ထိုသို့ပို့ဆောင်လျက်ရှိရာ (၁၅-၈-၂၀၁၆) နေ့တွင် တန်ချိန် (၇) တန်ရှိ ဆန်၊ ဆီ၊ ကုလားပဲ၊ … Read more
-
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ မော်ရွာကျေးရွာအုပ်စု၊ မော်ရွာသစ်ကျေးရွာရှိ မိုးကြိုးသင့် သေဆုံးသူအတွက် ထောက်ပံ့ငွေပေးအပ်ခြင်း
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ မော်ရွာကျေးရွာအုပ်စု၊ မော်ရွာသစ်ကျေးရွာနေ (ဘ)ဦးမောင်သောင်း၏သား မောင်ဆန်းလင်း(၂၅)နှစ်သည် (၁၀.၈.၂၀၁၆)ရက်နေ့ နံနက်(၁၁:၁၅)နာရီတွင် မိုးကြိုးဒဏ်သင့်၍ သေဆုံးခဲ့ပါသဖြင့် (၁၆.၈.၂၀၁၆)ရက်နေ့ နံနက်(၁၀:၀၀)နာရီတွင် မြောက်ဦးမြို့နယ်အုပ်ချုပ်ရေးမှူးရုံး၌ သေဆုံးသူ၏ အစ်ကိုဖြစ်သူအား ထောက်ပံ့ငွေကျပ် (၁၀၀,၀၀၀/-)ကျပ်ကို ရခိုင်ပြည်နယ်ကယ်ဆယ်ရေးဦးစီးမှူးရုံးမှ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source : ရခိုင်ပြည်နယ်ဦးစီးမှူးရုံး(ကဆရ)
-
၁၅-၈-၂၀၁၆ ရက်နေ့ ၊ နာဂဒေသရှိ ပြည်သူများအတွက် အာဟာရဖြည့်ဆန်နှင့် အစားအသောက်များ ကနဦးထောက်ပံ့ ပေးပို့မှုသတင်း
(၁၅-၈-၂၀၁၆) ရက်နေ့တွင် အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ ကြီးကြပ်မှုဖြင့် လူမှုဝန်ထမ်း ၊ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာ ချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးမှ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးနှင့် ညှိနှိုင်းပူးပေါင်း၍ နာဂဒေသရှိပြည်သူများအတွက် အာဟာရဖြည့်ထောက်ပံ့ပေးသည့် အာဟာရဆန် (၁၀၄) အိတ် ၊ ကုလားပဲ (၆၀၀) ပိဿာ ၊ စားဆီ (၂၀၀) ပိဿာ၊ ငါးသေတ္တာ (၃၃၀၀) ဘူးတို့အား တပ်မတော်မှ (Y8) ကုန်တင် လေယာဉ်ဖြင့် တင်ဆောင်၍ ဟုမ္မလင်းမြို့သို့ ယနေ့ (၁၅:၃၀) … Read more
-
တိုင်းဒေသကြီး/ပြည်နယ်အသီးသီး၌ ရေဘေးဖြစ်ပွားနေမှုအခြေအနေများနှင့် လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာနမှ (၁၅-၈-၂၀၁၆) ရက်နေ့အထိ ထောက်ပံ့ပေးမှုအခြေအနေ
၂၀၁၆ ခုနှစ်၊ ဇူလိုင်လလယ်ခန့်မှ စတင်ဖြစ်ပွားလျက်ရှိသော ရေကြီးရေလျှံမှုများကြောင့် တိုင်းဒေသ ကြီး/ပြည်နယ် (၁၀) ခုတွင် ပြည်သူများအား ဘေးလွတ်ကင်းရာနေရာများသို့ ယာယီ ပြောင်းရွှေ့နေရာ ချထားပေးမှုများရှိခဲ့ရာ (၁၅-၈-၂၀၁၆) နေ့အထိ အိမ်ထောင်စု (၁) သိန်း (၁) သောင်းကျော်မှ လူဦးရေ (၄) သိန်း (၇) သောင်းကျော်ကို ဘေးလွတ်ရာနေရာများ သို့ ပြောင်းရွှေ့နေရာချထားပေးခဲ့ရပါသည်။ လူ (၈) ဦးသေဆုံးခဲ့ပါသည်။ သို့သော် ယခုအခါ အချို့နေရာများတွင် ရေများပြန်လည်ကျဆင်းသွားပြီဖြစ်သဖြင့် မူလနေရာများသို့ ပြန်လည် ရွှေ့ပြောင်းလျက်ရှိရာ ကချင်ပြည်နယ်နှင့်စစ်ကိုင်းတိုင်းဒေသကြီးတွင်ရေများကျဆင်းသွားပြီဖြစ်ပြီးကယ်ဆယ်ရေးစခန်းများမရှိတော့ပါ။ … Read more
-
ရေဘေးသင့်ပြည်သူများအတွက် အလှူငွေပေးအပ်မှုသတင်း
မြန်မာနိုင်ငံအတွင်းဖြစ်ပွားလျက်ရှိသော ရေဘေးသင့်ပြည်သူများအတွက် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဝန်ထမ်းမိသားစုများမှ လှူဒါန်းငွေကျပ် (၈,၇၅၀,၀၀၀) အား အမြဲတမ်းအတွင်းဝန် ဦးထွန်းထွန်းနိုင်မှလည်းကောင်း၊ ဝန်ကြီးဌာနအမျိုးသမီးရေးရာအဖွဲ့မှ လှူဒါန်းငွေကျပ် (၅) သိန်းနှင့် ဝန်ကြီးဌာန မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းခွဲမှ လှူဒါန်းငွေကျပ် (၅) သိန်း၊ စုစုပေါင်းလှူဒါန်းငွေကျပ် (၁၀) သိန်းအား ငွေရေးကြေးရေး ကြီးကြပ်စစ်ဆေးရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန္ဒာဦးတို့မှ (၁၅-၈-၂၀၁၆) ရက်နေ့ ညနေပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနသို့ လာရောက်ပေးအပ်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းြမတ်အေးမှ လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာများြပန်လည်ပေးအပ်ခဲ့ပါ ကြောင်း သိရှိရပါသည်။ … Read more
-
(၁၅-၈-၂၀၁၆) ရက်နေ့၊ (၁၆:၀၀) နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး ကယ်ဆယ်ရေးရုံး၌ အလှူငွေလက်ခံရရှိမှု အခြေအနေသတင်း
(၁၅-၈-၂၀၁၆) ရက်နေ့၊ (၁၆:၀၀) နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး ကယ်ဆယ်ရေးရုံးသို့ ရန်ကုန်တိုင်းဒေသကြီး၊ အမှတ် (၉၃/၉၅)၊ တတိယထပ်၊ အပေါ်ဘလောက်၊ ဗိုလ်ရွဲလမ်း၊ အရှေ့မြေနီကုန်းရပ်ကွက်၊ လာသာမြို့နယ်၊ မေတ္တာပျိုးခင်းဖောင်ဒေးရှင်းမှ ရေဘေးသင့်ပြည်သူများအတွက် ငွေကျပ် သိန်း (၂၀) တိတိအား လာရောက်လှူဒါန်းခဲ့ရာ ဦးစံကုန်း (ဦးစီးအရာရှိ) က လက်ခံရယူခဲ့ကြောင်း သိရှိရပါသည်။ Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး









