မြန်မာနိုင်ငံအတွင်းဖြစ်ပွားလျက်ရှိသော ရေဘေးသင့်ပြည်သူများအတွက် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဝန်ထမ်းမိသားစုများမှ လှူဒါန်းငွေကျပ် (၈,၇၅၀,၀၀၀) အား အမြဲတမ်းအတွင်းဝန် ဦးထွန်းထွန်းနိုင်မှလည်းကောင်း၊ ဝန်ကြီးဌာနအမျိုးသမီးရေးရာအဖွဲ့မှ လှူဒါန်းငွေကျပ် (၅) သိန်းနှင့် ဝန်ကြီးဌာန မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းခွဲမှ လှူဒါန်းငွေကျပ် (၅) သိန်း၊ စုစုပေါင်းလှူဒါန်းငွေကျပ် (၁၀) သိန်းအား ငွေရေးကြေးရေး ကြီးကြပ်စစ်ဆေးရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန္ဒာဦးတို့မှ (၁၅-၈-၂၀၁၆) ရက်နေ့ ညနေပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနသို့ လာရောက်ပေးအပ်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းြမတ်အေးမှ လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာများြပန်လည်ပေးအပ်ခဲ့ပါ ကြောင်း သိရှိရပါသည်။