ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ သပြုချိန်တိုက်နယ်ကွင်းကျေးရွာတွင် မြေပြိုမှုကြောင့် ထိခိုက်သွားသော အိမ်ထောင်စုများအတွက် သွားရောက်ထောက်ပံ့မှုသတင်း

ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သံတွဲခရိုင်၊ သံတွဲမြို့နယ်၊ သပြုချိန်တိုက်နယ်ကွင်းပိုင်းကျေးရွာတွင် မြေပြိုမှုကြောင့် ထိခိုက်ပျက်စီးသွားသော နေအိမ်များအတွက် သွားရောက်ထောက်ပံ့ခဲ့ရာ အိမ်နောက်ဘက်ပိုင်း ပျက်စီးခဲ့ရသည့် လူနေအိမ်တစ်လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀၀၀)ကျပ်၊ လူနှစ်ဦးအတွက် ဆန်ရိက္ခာဖိုး (၁၈၀၀)ကျပ် နှင့် ကယ်ဆယ်ရေးပစ္စည်း (၄)မျိုးတို့အား သံတွဲမြို့နယ် ဒုတိယ အုပ်ချုပ်ရေးမှူး ထံသို့ (၁၇-၈-၂၀၁၆) ရက်နေ့က လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events