ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ မော်ရွာကျေးရွာအုပ်စု၊ မော်ရွာသစ်ကျေးရွာနေ (ဘ)ဦးမောင်သောင်း၏သား မောင်ဆန်းလင်း(၂၅)နှစ်သည် (၁၀.၈.၂၀၁၆)ရက်နေ့ နံနက်(၁၁:၁၅)နာရီတွင် မိုးကြိုးဒဏ်သင့်၍ သေဆုံးခဲ့ပါသဖြင့် (၁၆.၈.၂၀၁၆)ရက်နေ့ နံနက်(၁၀:၀၀)နာရီတွင် မြောက်ဦးမြို့နယ်အုပ်ချုပ်ရေးမှူးရုံး၌ သေဆုံးသူ၏ အစ်ကိုဖြစ်သူအား ထောက်ပံ့ငွေကျပ် (၁၀၀,၀၀၀/-)ကျပ်ကို ရခိုင်ပြည်နယ်ကယ်ဆယ်ရေးဦးစီးမှူးရုံးမှ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source : ရခိုင်ပြည်နယ်ဦးစီးမှူးရုံး(ကဆရ)