၂၀၁၆ ခုနှစ်၊ ဇူလိုင်လလယ်ခန့်မှ စတင်ဖြစ်ပွားလျက်ရှိသော ရေကြီးရေလျှံမှုများကြောင့် တိုင်းဒေသ ကြီး/ပြည်နယ် (၁၀) ခုတွင် ပြည်သူများအား ဘေးလွတ်ကင်းရာနေရာများသို့ ယာယီ ပြောင်းရွှေ့နေရာ ချထားပေးမှုများရှိခဲ့ရာ (၁၅-၈-၂၀၁၆) နေ့အထိ အိမ်ထောင်စု (၁) သိန်း (၁) သောင်းကျော်မှ လူဦးရေ (၄) သိန်း (၇) သောင်းကျော်ကို ဘေးလွတ်ရာနေရာများ သို့ ပြောင်းရွှေ့နေရာချထားပေးခဲ့ရပါသည်။ လူ (၈) ဦးသေဆုံးခဲ့ပါသည်။ သို့သော် ယခုအခါ အချို့နေရာများတွင် ရေများပြန်လည်ကျဆင်းသွားပြီဖြစ်သဖြင့် မူလနေရာများသို့ ပြန်လည် ရွှေ့ပြောင်းလျက်ရှိရာ
အဆိုပါရေဘေးဒဏ်ခံစားခဲ့ရသည့် ပြည်သူများအတွက် လူမှု၀န်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး၀န်ကြီးဌာနမှ ကူညီထောက်ပံ့မှုများဆောင်ရွက်လျက်ရှိရာ (၁၅-၇-၂၀၁၆) မှ (၁၅-၈-၂၀၁၆) ရက်နေ့အထိ ဆန်၊ ခေါက်ဆွဲ၊ ရေသန့်၊ ငါးသေတ္တာ၊ ရေသန့် ဆေးပြား၊ ကယ်ဆယ်ရေး ပစ္စည်းများ၊ မိုးကာစ၊ ရေမျောပါပျက်စီးသည့် အိမ်များ အတွက် ထောက်ပံ့မှု၊ သေဆုံးသူထောက်ပံ့မှုများ အတွက် စုစုပေါင်းတန်ဖိုး ကျပ်သိန်းပေါင်း (၆၅၀၀) ကျော်ထောက်ပံ့ပေးခဲ့ပြီးဖြစ်ကြောင်း၊ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရ အဖွဲ့များ၊ ခရိုင်၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနများ၊ လူမှုရေးအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ထောက်ပံ့မှုများ ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း သိရှိရပါသည်။