Category Archives: News
-
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ နန်းတော်ရာကျောင်း၌ ကျင်းပပြုလုပ်သည့် “အရေးပေါ်လူနာတင်ယာဉ်များအသက်ကယ်ပြုစုနည်းသင်တန်း” တွင် ရှာဖွေရေးနှင့် ကယ်ဆယ်ရေးဆိုင်ရာအကြောင်းအရာများနှင့် စပ်လျဉ်း၍ ပို့ချဆွေးနွေးမှုသတင်း
(၇-၁၀-၂၀၁၆) ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ နန်းတော်ရာကျောင်း၌ ကလျာဏမိတ္တဖောင်ဒေးရှင်းမှ ကျင်းပပြုလုပ်သည့် “အရေးပေါ်လူနာတင်ယာဉ်များအသက်ကယ်ပြုစုနည်းသင်တန်း” ၌ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူတစ်ဦးက ရှာဖွေရေးနှင့် ကယ်ဆယ်ရေးဆိုင်ရာအကြောင်းအရာများနှင့်စပ်လျဉ်း၍ ပို့ချပေးခဲ့ကြောင်း သိရှိရပါသည်။ Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
မန္တလေးမြို့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထား ရေးဝန်ကြီးဌာနက ဦးဆောင်ကျင်းပသော လူမှုကာကွယ်စောင့်ရှောက်ရေးအလုပ်ရုံ ဆွေးနွေးပွဲနှင့် ရန်ကုန်မြို့တွင် ကျင်းပသော မြန်မာနိုင်ငံကိုယ်အင်္ဂါမသန်စွမ်းသူ များအသင်း (၁၄) နှစ်မြောက် အခမ်းအနားများသို့ ပြည်ထောင်စုဝန်ကြီး တက်ရောက်မှုသတင်း
လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် လူမှုကာကွယ်စောင့်ရှောက်ရေး အခန်းကဏ္ဍ သည် အရေး ကြီးကြောင်းနှင့် ဝန်ကြီးဌာနအနေဖြင့် ရေးဆွဲထားပြီးဖြစ်သော မြန်မာနိုင်ငံ၏ အမျိုသားအဆင့် လူမှု ကာကွယ်စောင့်ရှောက်ရေး မဟာဗျူဟာစီမံချက်ကို တစ်ဆင့်ပြီး တစ်ဆင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး က မန္တလေးမြို့၊ ဟိုတယ်မန္တလေးတွင် (၉-၁၀-၂၀၁၆) ရက်နေ့၊ နံနက် ကျင်းပသော လူမှုကာကွယ်စောင့်ရှောက်ရေး အလုပ်ရုံဆွေးနွေးပွဲ တွင် ပြောကြားခဲ့ ပါသည်။ ပြည်ထောင်စုဝန်ကြီးက ဆက်လက်ပြောကြားရာတွင် မိမိတို့အစိုးရအဖွဲ့သစ် အနေဖြင့် ပြည်သူ့ … Read more
-
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ မိုးကြိုးဘေးသင့်သူ (၁) ဦးအား ထောက်ပံ့ပေးမှုသတင်း
(၆-၁၀-၂၀၁၆) ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် ဧရာဝတီ တိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ အမှတ် (၈) ရပ်ကွက်၊ ကျောက်စရစ်ကုန်း ကျေးရွာတွင် (၃-၁၀-၂၀၁၆) ရက်နေ့၌ မိုးကြိုးပစ်၍ လယ်ကွင်းထဲ၌ ငါးဖမ်း ပိုက်ချနေသူ ဦးခင်စိုး(၄၇)နှစ်၊ (ဘ) ဦးလှသန်းသည် မိုးကြိုးထိမှန်သေဆုံးခဲ့ရာ သေဆုံးခဲ့သည့် ဦးခင်စိုးအတွက် ထောက်ပံ့ငွေ (၁၀၀၀၀၀/-) ကျပ် တစ်သိန်းတိတိ အား သေဆုံးသူ၏ ဇနီးဖြစ်သူ ဒေါ်သန်းသန်းအေး ထံသို့ ကွင်းဆင်းထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။ Source: ဧရာဝတီတိုင်းဒေသကြီး (ကဆရ)
-
“ဝန်ထမ်းများ၏ ပြည်သူ့အကျိုးဖော်ဆောင်ရာတွင် ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်စေရေးနှင့် အဂတိလိုက်စားမှုကင်းရှင်းရေး ဟောပြောပွဲနှင့် အလုပ်ရုံဆွေးနွေးပွဲ”ကျင်းပမှုသတင်း
စစ်မှန်သော ဒီမိုကရေစီစနစ်ကို ဖော်ဆောင်၍ ပြည်သူအားလုံး အခြေခံ အခွင့် အရေးများရရှိရန် ဆောင်ရွက်ရာတွင် တရားမျှတစွာ အကာအကွယ်ပေးသည့် အုပ်ချုပ်မှုစနစ် လိုအပ်ကြောင်း လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြောကြားသည်။ နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ အစည်းအဝေးခန်းမတွင် အောက်တိုဘာ (၆) ရက်၊ နံနက် (၉) နာရီတွင် ကျင်းပသည့် ဝန်ထမ်းများ၏ ပြည်သူ့အကျိုး ဖော်ဆောင်ရာတွင် ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်စေရေးနှင့် အဂတိလိုက်စားမှုကင်းရှင်းရေး … Read more
-
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့တွင် “သဘာဝဘေးကြိုတင်သတိပေးစနစ် ပိုမိုကောင်းမွန်လာစေရေးစီမံကိန်း၏ နောက်ဆက်တွဲလူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲ” ကျင်းပပြုလုပ်မှုသတင်း
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ (၆-၁၀-၂၀၁၆) ရက်နေ့၊ နံနက် (၀၉းဝ၀) နာရီအချိန်တွင် ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)၊ Japan International Cooperation Agency (JICA)နှင့် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနတို့ပူးပေါင်း၍ “သဘာဝဘေးကြိုတင်သတိပေးစနစ် ပိုမိုကောင်းမွန်လာစေရေးစီမံကိန်း၏ နောက်ဆက်တွဲလူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲ” ကို ကျင်းပပြုလုပ်ရာ မြို့နယ်အဆင့်ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူ (၅၀) ဦးခန့် တက်ရောက်ကြပါသည်။ အဆိုပါအလုပ်ရုံဆွေးနွေးပွဲတွင် ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ) မှ ဦးစီးအရာရှိ ဦးမောင်မောင်ကြီးက သဘာဝဘေးလျှော့ချရေးဆိုင်ရာအထွေထွေသဘောတရားများနှင့် ကြုံတွေ့ခဲ့ရသော ဘေးအန္တရာယ်များမှ ရရှိသည့် သင်ခန်းစာများအပေါ်အခြေခံဆွေးနွေးခဲ့ပြီး … Read more
-
ထိုင်းနိုင်ငံဒုက္ခသည်စခန်းများရှိ မြန်မာနိုင်ငံသားများပြန်လည်ခေါ်ယူရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှဦးဆောင်၍ ထိုင်းနိုင်ငံ ဒုက္ခသည်စခန်းများရှိ နေရပ်ပြန်လိုသည့် မြန်မာနိုင်ငံသား(၉၆)ဦးအား ပြန်လည်ခေါ်ယူရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို (၅-၁၀-၂၀၁၆)ရက်နေ့(၁ဝးဝ၀)အချိန်တွင်ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီး ဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနတို့မှကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံသား(၉၆)ဦး၏နေရပ်ဒေသ များဖြစ်သော ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ မွန်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့မှ တာဝန်ရှိသူများတက်ရောက်ခဲ့ ကြပါသည်။ အစည်းအဝေးတွင် ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်မှလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များပူးပေါင်းပါဝင် ဆောင်ရွက်မည့်အခြေအနေများကိုလည်းကောင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ … Read more
-
ဝန်ကြီးဌာန၏သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုနှင့်ပတ်သက်သည့် သုတေသနစင်တာအတွက် အလှူငွေလက်ခံခြင်းနှင့် လူမှုအထောက်အကူပြုဖွံ့ဖြိုးရေးအသင်းမှ တာဝန်ရှိသူများအား လက်ခံတွေ့ဆုံမှုသတင်း
ဝန်ကြီးဌာန၏သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုနှင့်ပတ်သက်သည့် သုတေသနစင်တာအတွက် ဒေါက်တာစည်သူအောင်နှင့်တပည့်များ (စွမ်းအားရာထူးဝင်ခွင့်သင်တန်းနှင့် အင်္ဂလိပ်စာသင်တန်းများ) မှ အလှူငွေကျပ် (၁၆၀၀၀၀၀) ကျပ်တိတိအား ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသို့ လာရောက်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးမှ လက်ခံရယူပြီးဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့ပါသည်။ မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ၂၀၁၆ ခုနှစ်၊ ဇူလိုင်လနှင့် သြဂုတ်လများတွင် ဝန်ကြီးဌာနနှင့်အတူ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးအတွင်း ရေဘေးကယ်ဆယ်ရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ခဲ့သော အရေးပေါ်ကယ်ဆယ်ရေးနှင့် လူမှုအထောက်အကူပြုဖွံ့ဖြိုးရေးအသင်း(ERSSDO)မှ ဥက္ကဌဖြစ်သူ ဦးဇွဲရန်နိုင်နှင့် အဖွဲ့ဝင်များအား လက်ခံတွေ့ဆုံ၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ သဘာဝဘေးအန္တရာယ်တုန့်ပြန်ရေးလုပ်ငန်းနှင့် ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် … Read more
-
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ သရက်တောကျေးရွာအုပ်စု၊ ပိုးစာတောကျေးရွာ၌ တံခွန်တိုင်ချောင်းရေနောက်မျောပါသေဆုံးသူ (၁) ဦး၏ မိသားစုအတွက် ထောက်ပံ့ငွေပေးအပ်မှုသတင်း
(၂၉-၉-၂၀၁၆) ရက်နေ့တွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ သရက်တောကျေးရွာအုပ်စု၊ ပိုးစာတောကျေးရွာ၌ တံခွန်တိုင်ချောင်းရေနောက်မျောပါပြီး လူတစ်ဦးသေဆုံးခဲ့ရာ အဆိုပါသေဆုံးသူ (၁) ဦး၏ မိသားစုအတွက် ထောက်ပံ့ငွေ (၁) သိန်းကျပ်တိတိကို (၃-၁၀-၂၀၁၆) ရက်နေ့တွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူတစ်ဦးက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ လွှဲပြောင်းပေးခဲ့ကြောင်း သိရှိရပါသည်။ Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ကဆရ)
-
၂၀၁၆ ခုနှစ်၊ ဇူလိုင်လနှင့် သြဂုတ်လများအတွင်း ရေဘေးဒဏ်ခံစားခဲ့ရသည့် ဧရာ၀တီတိုင်းဒေသကြီး၊ သာပေါင်းမြို့နယ်အတွင်း ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပစ္စည်းများ ထပ်မံထောက်ပံ့ပေးမှုသတင်း
ဧရာ၀တီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) မှ ဦးသန်းစိုး (ညွှန်ကြားရေးမှူး) နှင့် တာ၀န်ရှိသူများသည် (၄-၁၀-၂၀၁၆) ရက်နေ့တွင် ၂၀၁၆ ခုနှစ်၊ ဇူလိုင်လနှင့် သြဂုတ်လများအတွင်း ရေဘေးဒဏ်ခံစားခဲ့ရသည့် ဧရာ၀တီတိုင်းဒေသကြီး၊ သာပေါင်းမြို့နယ်၊ ဇီးဖြူကွင်းကျေးရွာအုပ်စု၊ ဘုရားကုန်းကျေးရွာအုပ်စု၊ ငါးဘတ်ချောင်းကျေးရွာအုပ်စုနှင့် ကင်းတပ်ကျေးရွာအုပ်စုများမှ ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပစ္စည်းများကို အောက်ပါအတိုင်း ကွင်းဆင်းကာ ထပ်မံထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်- ဇီးဖြူကွင်းကျေးရွာအုပ်စုအတွင်း ရေဘေးသင့်ပြည်သူများအတွက် ခေါက်ဆွဲခြောက် (၄၀) ဖာ x (၁၈၀) ထုပ် = (၇၂၀၀) ထုပ်၊ အာဟာရမှုန့် (၄) ဖာ x … Read more









