ဝန်ကြီးဌာန၏သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုနှင့်ပတ်သက်သည့် သုတေသနစင်တာအတွက်  အလှူငွေလက်ခံခြင်းနှင့် လူမှုအထောက်အကူပြုဖွံ့ဖြိုးရေးအသင်းမှ တာဝန်ရှိသူများအား လက်ခံတွေ့ဆုံမှုသတင်း

6_pic01 6_pic02

 

ဝန်ကြီးဌာန၏သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုနှင့်ပတ်သက်သည့် သုတေသနစင်တာအတွက် ဒေါက်တာစည်သူအောင်နှင့်တပည့်များ (စွမ်းအားရာထူးဝင်ခွင့်သင်တန်းနှင့် အင်္ဂလိပ်စာသင်တန်းများ) မှ အလှူငွေကျပ် (၁၆၀၀၀၀၀) ကျပ်တိတိအား ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသို့ လာရောက်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးမှ လက်ခံရယူပြီးဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့ပါသည်။    မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ၂၀၁၆ ခုနှစ်၊ ဇူလိုင်လနှင့် သြဂုတ်လများတွင် ဝန်ကြီးဌာနနှင့်အတူ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးအတွင်း ရေဘေးကယ်ဆယ်ရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ခဲ့သော အရေးပေါ်ကယ်ဆယ်ရေးနှင့် လူမှုအထောက်အကူပြုဖွံ့ဖြိုးရေးအသင်း(ERSSDO)မှ  ဥက္ကဌဖြစ်သူ ဦးဇွဲရန်နိုင်နှင့်  အဖွဲ့ဝင်များအား လက်ခံတွေ့ဆုံ၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ သဘာဝဘေးအန္တရာယ်တုန့်ပြန်ရေးလုပ်ငန်းနှင့် ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် သဘာဝဘေးအန္တရာယ် အသိပညာပေးလုပ်ငန်းများအတွက် အရပ်ဘက်အဖွဲ့အစည်းများနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်နိုင်ရေးကိစ္စရပ်များကို ပွင့်လင်းစွာဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events