ရခိုင်ပြည်နယ်၊ ပေါက်တောမြို့တွင် “သဘာဝဘေးကြိုတင်သတိပေးစနစ် ပိုမိုကောင်းမွန်လာစေရေးစီမံကိန်း၏ နောက်ဆက်တွဲလူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲ” ကျင်းပပြုလုပ်မှုသတင်း

6_pic01 6_pic02

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ (၆-၁၀-၂၀၁၆) ရက်နေ့၊ နံနက် (၀၉းဝ၀) နာရီအချိန်တွင် ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)၊ Japan International Cooperation Agency (JICA)နှင့် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနတို့ပူးပေါင်း၍ “သဘာဝဘေးကြိုတင်သတိပေးစနစ် ပိုမိုကောင်းမွန်လာစေရေးစီမံကိန်း၏ နောက်ဆက်တွဲလူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲ” ကို ကျင်းပပြုလုပ်ရာ မြို့နယ်အဆင့်ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူ (၅၀) ဦးခန့် တက်ရောက်ကြပါသည်။
အဆိုပါအလုပ်ရုံဆွေးနွေးပွဲတွင် ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ) မှ ဦးစီးအရာရှိ ဦးမောင်မောင်ကြီးက သဘာဝဘေးလျှော့ချရေးဆိုင်ရာအထွေထွေသဘောတရားများနှင့် ကြုံတွေ့ခဲ့ရသော ဘေးအန္တရာယ်များမှ ရရှိသည့် သင်ခန်းစာများအပေါ်အခြေခံဆွေးနွေးခဲ့ပြီး မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက သဘာဝဘေးအန္တရာယ်ဆိုင်ရာကြိုတင်သတိပေးစနစ်နှင့်စပ်လျဉ်းသည့်အကြောင်းအရာများအား ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events