ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ သရက်တောကျေးရွာအုပ်စု၊ ပိုးစာတောကျေးရွာ၌ တံခွန်တိုင်ချောင်းရေနောက်မျောပါသေဆုံးသူ (၁) ဦး၏ မိသားစုအတွက် ထောက်ပံ့ငွေပေးအပ်မှုသတင်း

(၂၉-၉-၂၀၁၆) ရက်နေ့တွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ သရက်တောကျေးရွာအုပ်စု၊ ပိုးစာတောကျေးရွာ၌ တံခွန်တိုင်ချောင်းရေနောက်မျောပါပြီး လူတစ်ဦးသေဆုံးခဲ့ရာ အဆိုပါသေဆုံးသူ (၁) ဦး၏ မိသားစုအတွက် ထောက်ပံ့ငွေ (၁) သိန်းကျပ်တိတိကို (၃-၁၀-၂၀၁၆) ရက်နေ့တွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူတစ်ဦးက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ လွှဲပြောင်းပေးခဲ့ကြောင်း သိရှိရပါသည်။
Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events