ထိုင်းနိုင်ငံဒုက္ခသည်စခန်းများရှိ မြန်မာနိုင်ငံသားများပြန်လည်ခေါ်ယူရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်မှုသတင်း

6_pic01 6_pic02 6_pic03 6_pic04 6_pic05

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှဦးဆောင်၍ ထိုင်းနိုင်ငံ ဒုက္ခသည်စခန်းများရှိ နေရပ်ပြန်လိုသည့် မြန်မာနိုင်ငံသား(၉၆)ဦးအား ပြန်လည်ခေါ်ယူရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို (၅-၁၀-၂၀၁၆)ရက်နေ့(၁ဝးဝ၀)အချိန်တွင်ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီး ဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနတို့မှကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံသား(၉၆)ဦး၏နေရပ်ဒေသ များဖြစ်သော ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ မွန်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့မှ တာဝန်ရှိသူများတက်ရောက်ခဲ့ ကြပါသည်။

အစည်းအဝေးတွင် ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်မှလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များပူးပေါင်းပါဝင် ဆောင်ရွက်မည့်အခြေအနေများကိုလည်းကောင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကောင်စစ်ရေးရာနှင့် ဥပဒေရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်မှ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ခဲ့မှုအခြေအနေများကို လည်းကောင်း ရှင်းလင်းဆွေးနွေးပြီး မြန်မာနိုင်ငံသား(၉၆)ဦးအား ကြိုဆိုပို့ဆောင်ရေး၊ သတင်း ထုတ်ပြန်ရေး၊ ထောက်ပံ့မှုများဆောင်ရွက်ပေးရေး၊ နေရာချထားပေးရေး၊ အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးရေး၊ ကျန်းမာရေးစောင့်ရှောက်မှုပေးရေး၊ ပညာသင်ယူနိုင်ရေး၊ နိုင်ငံသားအသိအမှတ်ပြု လက်မှတ်ရရှိရေးကိစ္စရပ်များကိုဆွေးနွေးခဲ့ကြကြောင်းနှင့်မြန်မာနိုင်ငံသား(၉၆)ဦးအား အောက်တိုဘာလ၊ စတုတ္ထပတ်အတွင်း ပြန်လည်ခေါ်ယူနိုင်ရေးတို့ကို ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events