မန္တလေးမြို့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထား ရေးဝန်ကြီးဌာနက ဦးဆောင်ကျင်းပသော လူမှုကာကွယ်စောင့်ရှောက်ရေးအလုပ်ရုံ ဆွေးနွေးပွဲနှင့် ရန်ကုန်မြို့တွင် ကျင်းပသော မြန်မာနိုင်ငံကိုယ်အင်္ဂါမသန်စွမ်းသူ များအသင်း (၁၄) နှစ်မြောက် အခမ်းအနားများသို့ ပြည်ထောင်စုဝန်ကြီး တက်ရောက်မှုသတင်း

m2

       

လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် လူမှုကာကွယ်စောင့်ရှောက်ရေး အခန်းကဏ္ဍ သည် အရေး ကြီးကြောင်းနှင့် ဝန်ကြီးဌာနအနေဖြင့် ရေးဆွဲထားပြီးဖြစ်သော မြန်မာနိုင်ငံ၏ အမျိုသားအဆင့် လူမှု ကာကွယ်စောင့်ရှောက်ရေး မဟာဗျူဟာစီမံချက်ကို တစ်ဆင့်ပြီး တစ်ဆင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး က မန္တလေးမြို့၊ ဟိုတယ်မန္တလေးတွင် (၉-၁၀-၂၀၁၆) ရက်နေ့၊ နံနက် ကျင်းပသော လူမှုကာကွယ်စောင့်ရှောက်ရေး အလုပ်ရုံဆွေးနွေးပွဲ တွင် ပြောကြားခဲ့ ပါသည်။

ပြည်ထောင်စုဝန်ကြီးက ဆက်လက်‌ပြောကြားရာတွင် မိမိတို့အစိုးရအဖွဲ့သစ် အနေဖြင့် ပြည်သူ့ အစိုးရဖြစ်သည်နှင့်အညီ ပြည်သူ့အကျိုးကို ထိရောက်စွာ ဖော်ဆောင်နိုင်ဖို့ ကြိုးပမ်းလျက်ရှိကြောင်း၊ ယခုအခါ ရက် (၁၀၀) အလွန်(၆) လ စီမံချက်ချမှတ်ဆောင်ရွက် နေပြီး အစိုးရနှင့်ပြည်သူအားလုံး အ‌ခြေခံ လူ့အခွင့်အရေးများ အပြည့်အဝရရှိပြီး စစ်မှန်သော ဒီမိုကရေစီကို ဖော်ဆောင်ကာ ပြည်သူများ လွတ်လပ်လုံခြုံစွာ ဖွံ့ဖြိုး တိုးတက် ရေး ဆောင်ရွက်နေပါကြောင်း၊ ပြည်ထောင်စုအဆင့်အနေဖြင့် သက်ကြီးရွယ်အို ငွေကြေး ထောက်ပံ့မှုအစီအစဉ်ကို  အသက် (၉၀) နှစ်နှင့်အထက် သက်ကြီးရွယ်အိုများ အတွက် စတင်ထောက်ပံ့နေပြီ ဖြစ်ပါကြောင်း၊ လူမှုရေးရာဖြစ်ရပ် စီမံခန့်ခွဲမှုစနစ်ကိုလည်း မြို့နယ် (၃၇) မြို့နယ်တွင် စတင်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး ဆက်လက်၍ တိုးချဲ့ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေးသူငယ်များ ငွေကြေး ထောက်ပံ့ရေးလုပ်ငန်းအစီအစဉ်များကိုလည်း မိတ်ဖက် အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ယနေ့အလုပ်ရုံ ဆွေးနွေးပွဲသို့ တက်ရောက်လာကြသူများ၏ အကြံပြုချက်များအပေါ် အ‌ခြေခံ၍ အမှန်တကယ်အကျိုးရှိမည့် လူမှုကာကွယ်စောင့်ရေှာက်ရေး အစီအစဉ်တစ်ရပ် ပေါ်ထွက်လာမည်ကို  ယုံကြည်ပါကြောင်းနှင့် ယခုဆောင်ရွက်မှုများသည် ကုလသမဂ္ဂ စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေးရည်မှန်းချက်များ Sustainable Development Goals နှင့်လည်း ကိုက်ညီအောင် အကောင်အထည် ဖော်ဆောင်ရွက်မှုတစ်ရပ်  ဖြစ်ပါကြောင်း ‌ပြောကြား ခဲ့ပါသည်။

ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့တာဝန်ရှိသူနှင့် အပြည်ပြည်ဆိုင်ရာ သက်ကြီး ရွယ်အို စောင့်ရှောက်ရေးအဖွဲ့မှ တာဝန်ရှိသူတို့က အမှာစကားများပြောကြားကာ အမှတ် တရ စုပေါင်းဓာတ်ပုံ ရိုက်ကူးခဲ့ပါသည်။

ဆက်လက်၍ မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်မြို့ရှိ ြမန်မာနိုင်ငံ ကုန်သည် များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI)တွင် ကျင်းပသော မြန်မာနိုင်ငံ ကိုယ်အင်္ဂါ မသန်စွမ်းသူများအသင်း (၁၄) နှစ်‌မြောက်နှစ်ပတ်လည်နေ့ အခမ်းအနားသို့ တက်ရောက်ကာ အဖွင့် မိန့်ခွန်း‌ပြောကြားရာတွင် ကမ္ဘာ့ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ်  (UNDP)၏ ထုတ်ပြန်ချက်အရ ကမ္ဘာ့ လူဦးရေ၏ ၁၀% ခန့်သည် မသန်စွမ်း မှုဖြင့် နေထိုင်ရှင်သန်ကြရသောသူများ ဖြစ်ပြီး မြန်မာနိုင်ငံတွင် လူဦးရေ (၂.၃) သန်းကျော် (၄.၆)ရာခိုင်နှုန်းသည်  မသန်စွမ်းသူများ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် မသန်စွမ်းသူများ ၏ အခန်းကဏ္ဍ မြင့်မားရေးဆိုင်ရာဘာလီကြေငြာချက် ဆယ်စုနှစ် လုပ်ငန်းစဉ် (၂၀၁၁-၂၀၂၀)၊ အာရှပစိဖိတ်ဒေသ မသန်စွမ်းသူများဆိုင်ရာ ဆယ်စုနှစ်လုပ်ငန်းစဉ်ဖြစ်သော အင်ချွန်း မဟာဗျူဟာ (၂၀၁၃-၂၀၂၂) ကဲ့သို့သော ဒေသတွင်း မဟာဗျူဟာမြောက် လုပ်ငန်းစဉ်များကို အကောင် အထည်ဖော်ခြင်း၊ ၂၀၁၅ခုနှစ်၊ ဇွန်လ ၅ ရက်နေ့က ပြဌာန်းခဲ့သော မသန်စွမ်းသူများ၏ အခွင့်အရေး ဆိုင်ရာ ဥပဒေနှင့်ပတ်သက်၍ ဝန်ကြီးဌာနအနေဖြင့် နည်းဥပဒေများ အမြန်ဆုံး ပေါ်ထွက်လာစေရန် ကြိုးပမ်းလျက် ရှိကြောင်း၊ ၄င်းအပြင် မြန်မာနိုင်ငံမသန်စွမ်းသူများ အမျိုးသားကော်မတီကို ဖွဲ့စည်းရန် စီစဉ်ပြီးဖြစ်ရာ မသန်စွမ်းသူများ၏ အခွင့်အရေးများ အပြည့်အဝ ဖော်ဆောင်ပေးနိုင် တော့မည်ကြောင်း ‌ပြောကြားပြီး မသန်စွမ်းထူးချွန်သူများအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခြင်း၊ မသန်စွမ်း သူများအား မသန်စွမ်းအထောက်အကူပြုပစ္စည်းများ ပေးအပ်ခြင်း နှင့် အမှတ်တရ စုပေါင်းမှတ်တမ်း ဓာတ်ပုံ ရိုက်ကူးခဲ့ပါသည်။

Sign Up

Upcoming Events