(၆-၁၀-၂၀၁၆) ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် ဧရာဝတီ တိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ အမှတ် (၈) ရပ်ကွက်၊ ကျောက်စရစ်ကုန်း ကျေးရွာတွင် (၃-၁၀-၂၀၁၆) ရက်နေ့၌ မိုးကြိုးပစ်၍ လယ်ကွင်းထဲ၌ ငါးဖမ်း ပိုက်ချနေသူ ဦးခင်စိုး(၄၇)နှစ်၊ (ဘ) ဦးလှသန်းသည် မိုးကြိုးထိမှန်သေဆုံးခဲ့ရာ သေဆုံးခဲ့သည့် ဦးခင်စိုးအတွက် ထောက်ပံ့ငွေ (၁၀၀၀၀၀/-) ကျပ် တစ်သိန်းတိတိ အား သေဆုံးသူ၏ ဇနီးဖြစ်သူ ဒေါ်သန်းသန်းအေး ထံသို့ ကွင်းဆင်းထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။
Source: ဧရာဝတီတိုင်းဒေသကြီး (ကဆရ)