Category Archives: News
-
ကလေးသူငယ်အခွင့်အရေးများဆိုင်ရာအမျိုးသားကော်မတီအစည်းအဝေး ကျင်းပပြုလုပ်မှုသတင်း
နေပြည်တော် ဒီဇင်ဘာ ၂၇ နိုင်ငံတွင်းရှိ ကလေးသူငယ်များ၏ လူမှုရေးဘဝများလုံခြုံရေးကို ထိပါးလာသည့်အခြေအနေများ ဖြစ်ပေါ်လာရသည့်အတွက် သက်ငယ်မုဒိမ်းမှုများ လျော့နည်းသွားစေရေး၊ ဖြစ်ပေါ်လာပါက အလျင်အမြန်သိရှိသတင်းပို့တိုင်ကြားနိုင်ရေး၊ ထိခိုက်ခံစားရသောကလေးသူငယ်များ လိုအပ်မည့် အကူအညီများအား အလျင်အမြန် ပေးနိုင်ရေးနှင့် ဥပဒေနှင့်အညီ ကာကွယ်စောင့်ရှောက်ပေးရေးတို့ကို ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ ဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး က ပြောကြားသည်။ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီအစည်းအဝေး ၁/၂၀၁၆ ကို ယနေ့မွန်းလွဲ ၁ နာရီက နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် … Read more
-
မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးရေးရာကော်မတီ အစည်းအဝေးကျင်းပပြုလုပ်မှုသတင်း
နေပြည်တော် ဒီဇင်ဘာ ၂၇ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတားဆီးကာကွယ်ရေးဥပဒေကို အတည်ပြုနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး အမျိုးသမီးများကို ရှုထောင့်ပေါင်းစုံမှ ကာကွယ်စောင့် ရှောက်ပေးနိုင်ရန် ရေးဆွဲထားခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးရေးရာ ကော်မတီ ဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားသည်။ မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးရေးရာကော်မတီ အစည်းအဝေး ၁/၂၀၁၆ ကို ယနေ့နံနက် ၉နာရီက နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ကော်မတီဥက္ကဌ၊ ပြည်ထောင်စုဝန်ကြီးက အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံလုံးဆိုင်ရာ … Read more
-
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပြည်လမ်း၊ အင်းစိန်လမ်း၊ လှည်းတန်းနှင့် မြေနီကုန်းတို့ရှိ ဖုန်းဆိုင်များ၊ အများပြည်သူသွားလာလျက်ရှိသည့် လိုင်းကားများပေါ်နှင့် Shopping Mall များတွင် DAN Mobile Application အသုံးပြုပုံနည်းလမ်းများ ဖြန့်ဝေမှုသတင်း
(၂၇-၁၂-၂၀၁၆) ရက်နေ့တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ပြည်လမ်း၊ အင်းစိန်လမ်း၊ လှည်းတန်းနှင့် မြေနီကုန်းတို့ရှိ ဖုန်းဆိုင်များတွင် ပြည်သူများ သဘာဝဘေး၊ မိုးလေဝသအခြေအနေနှင့် ကယ်ဆယ်ရေးသတင်းများ အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်ရန်အတွက် DAN mobile Application အား လိုက်လံထည့်သွင်းဖြန့်ဝေခြင်းနှင့် အများပြည်သူသွားလာလျက်ရှိသည့် လိုင်းကားများပေါ်နှင့် Shopping Mall များတွင် DAN mobile Application ကို ရယူအသုံးပြုပုံ ကြော်ငြာစာစောင်များကို ဖြန့်ဝေဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။ Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့နယ်၊ ရေပေါ်ကျွန်းကျေးရွာတွင် သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲ ကျင်းပမှုသတင်း
(၂၇ -၁၂ -၂၀၁၆) ရက်နေ့တွင် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့နယ်၊ ရေပေါ်ကျွန်းကျေးရွာတွင် သဘာဝဘေးလျော့ပါးရေး အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပြီး သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့် မိုးလေဝသသတင်းများ အရေးပေါ် ဆက်သွယ်နိုင်သည့် ဖုန်းနံပါတ်များ လက်ကမ်းစာစောင်များပါဝင်သည့် DAN Mobile application အကြောင်းရှင်းလင်းပြောကြားပြီး share ပြုလုပ်ပေးခဲ့ကာ လက်ကမ်းစာစောင်များနှင့် ခေါက်ဆွဲခြောက်ထုပ်များကို ဝေငှပေးခဲ့ပါသည်။ အဆိုပါဟောပြောပွဲသို့ စုစုပေါင်း (၆၅) ဦးတက်ရောက်ခဲ့ပါကြောင်း သိရှိရပါသည်။ Source: … Read more
-
မီးဘေးထောက်ပံ့မှုသတင်း
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့နယ်၊ အမှတ် (၁) ရပ်ကွက်တွင် နေအိမ် (၁) လုံး ဝါယာရှော့ဖြစ်၍ မီးလောင်ကျွမ်းခဲ့ပါသည်။ အဆိုပါ မီးဘေးသင့်ပြည်သူအတွက် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၁၂-၂၀၁၆) ရက်နေ့ (၁၈:၄၀) နာရီအချိန်တွင် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ ဆန်ရိက္ခာဖိုးငွေ (၁,၈၀၀) ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁) သိန်းကျပ်အား သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ Source: ကော့သောင်းခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
DAN Mobile Application နှင့် KOBO Mobile Application အသုံးပြုပုံအသုံးပြုနည်းများ အားရှင်းလင်းပြောကြားမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၁၂-၂၀၁၆) ရက်နေ့တွင် ထွေအုပ်၊ မီးသတ်၊ ပြန်ဆက်၊ ကြက်ခြေနီ၊ သဘာဝဘေးကွန်ယက်၊ လူမှုအဖွဲ့အစည်းနှင့် ဦးစီးဌာနမှ ဝန်ထမ်းများ စုစုပေါင်း (၁၉) ဦးအား DAN Mobile Application နှင့် KOBO Mobile Application အသုံးပြုပုံ အသုံးပြုနည်းဆင့်ပွားသင်တန်းအား ကျင်းပခဲ့ကြောင်း သိရှိရပါသည်။ Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)
-
သဘာဝဘေးအသိပညာများ ဟောပြောပို့ချမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၁၂-၂၀၁၆) ရက်နေ့ နေ့လည် (၁:၀၀) နာရီအချိန်တွင် မြန်အောင်မြို့နယ်၊ မကျီးကုန်းအုပ်စု၊ တောင်စုကျေးရွာ၌ သဘာဝဘေးအသိပညာများ ဟောပြောပို့ချခဲ့ပြီး အဆိုပါ ဟောပြောပွဲသို့ တက်ရောက်သူဦးရေ (၈၀) ဦးခန့်ရှိကြောင်း သိရှိရပါသည်။ Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
ဂျပန်နိုင်ငံ၊ မြေယာ၊ အခြေခံအဆောက်အဦ၊ ပို့ဆောင်ရေးနှင့်ခရီးသွားလာရေးဝန်ကြီးဌာန (MLIT) နှင့် MOC ရေးထိုးထားသော မြန်မာနိုင်ငံမှ ဝန်ကြီးဌာန(၃)ခုတို့ အဆင့်မြင့်စားပွဲဝိုင်းဆွေးနွေးပွဲတစ်ရပ်ကျင်းပပြုလုပ်မှုသတင်း
နေပြည်တော်၊ ဒီဇင်ဘာလ (၂၆) ဂျပန်နိုင်ငံ၊ မြေယာ၊ အခြေခံအဆောက်အဦ၊ ပို့ဆောင်ရေးနှင့်ခရီးသွားလာရေးဝန်ကြီးဌာန (MLIT) သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၏ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ လူမှှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့နှင့် သဘာဝဘေးစီမံခန့်ခွဲမှှုဆိုင်ရာကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်နိုင်ရန် ပူးပေါင်းဆောင်ရွက်မှှုစာချွန်လွှာ(MOC) ရေးထိုးထားသောဝန်ကြီးဌာနဖြစ်ပါသည်။ အဆိုုပါ ဂျပန်နိုင်ငံ၊ မြေယာ၊ အခြေခံအဆောက်အဦ၊ ပို့ဆောင်ရေးနှင့်ခရီးသွားလာရေးဝန်ကြီးဌာန (MLIT) နှင့် MOC ရေးထိုးထားသော မြန်မာနိုင်ငံမှ ဝန်ကြီးဌာန (၃) ခုတို့ပူးပေါင်း၍ “ဘေးအန္တရာယ်လျော့ချရေးအတွက် အဆင့်မြင့်စားပွဲဝိုင်းဆွေးနွေးပွဲ” တစ်ရပ်ကို နေပြည်တော်၊ Hilton … Read more
-
ငပုတောမြို့နယ်၊ သက္ကယ်ချောင်းကျေးရွာအုပ်စု၊ သက္ကယ်ချောင်းကျေးရွာ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာများဆွေးနွေးဟောပြောမှုသတင်း
ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ သက္ကယ်ချောင်းကျေးရွာအုပ်စု၊ သက္ကယ်ချောင်းကျေးရွာရှိ ပြည်သူများ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာဗဟုသုတများရရှိစေရန်အတွက် (၂၇-၁၂-၂၀၁၆) ရက်နေ့တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဦးသန်းစိုး (ညွှန်ကြားရေးမှူး)နှင့် ဝန်ထမ်းများက သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာများ ဆွေးနွေးဟောပြောပို့ချခဲ့ပါသည်။ အသိပညာပေးဆွေးနွေးပွဲသို့ ငပုတောမြို့နယ်၊ မီးသတ်ဦးစီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများနှင့် ရပ်ရွာပြည်သူလူထု စုစုပေါင်း (၁၀၅) ဦးခန့် တက်ရောက်ခဲ့ကြောင်းနှင့် ဘေး (၈) မျိုး လက်ကမ်းစာစောင်များ၊ နံရံကပ်ပိုစတာများအား ဖြန့်ဝေပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ Source: … Read more
-
ချင်းပြည်နယ်၊ ဟားခါးမြို့ပေါ်ရှိ ဖုန်းဆိုင်များသို့ KOBO Mobile Application နှင့် DAN Mobile Application အသုံးပြုပုံနည်းလမ်းများအား ရှင်းလင်းဖြန့်ဝေပေးမှုသတင်း
(၂၇-၁၂-၂၀၁၆) ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှာကြားချက်အရ ချင်းပြည်နယ်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် ချင်းပြည်နယ်၊ ဟားခါးမြို့ပေါ်ရှိ ဖုန်းဆိုင်များသို့သွားရောက်ကာ KOBO Mobile Application နှင့် DAN Mobile Application အသုံးပြုပုံ အသုံးပြုနည်းများအား သွားရောက်ရှင်းပြခဲ့ပြီး ပြည်သူများထံသို့ ပြန်လည်ဝေငှပေးသွားနိုင်ရေးအတွက် တိုက်တွန်းပြောကြားခြင်းဖြင့် KOBO Mobile Application နှင့် DAN Mobile Application အသုံးပြုပုံ အသုံးပြုနည်းများအား အဆိုပါဖုန်းဆိုင်များမှတစ်ဆင့် ဖုန်းဝယ်ယူမည့် ပြည်သူများထံသို့ … Read more









