ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ သက္ကယ်ချောင်းကျေးရွာအုပ်စု၊ သက္ကယ်ချောင်းကျေးရွာရှိ ပြည်သူများ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာဗဟုသုတများရရှိစေရန်အတွက် (၂၇-၁၂-၂၀၁၆) ရက်နေ့တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဦးသန်းစိုး (ညွှန်ကြားရေးမှူး)နှင့် ဝန်ထမ်းများက သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာများ ဆွေးနွေးဟောပြောပို့ချခဲ့ပါသည်။ အသိပညာပေးဆွေးနွေးပွဲသို့ ငပုတောမြို့နယ်၊ မီးသတ်ဦးစီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများနှင့် ရပ်ရွာပြည်သူလူထု စုစုပေါင်း (၁၀၅) ဦးခန့် တက်ရောက်ခဲ့ကြောင်းနှင့် ဘေး (၈) မျိုး လက်ကမ်းစာစောင်များ၊ နံရံကပ်ပိုစတာများအား ဖြန့်ဝေပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)