ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပြည်လမ်း၊ အင်းစိန်လမ်း၊ လှည်းတန်းနှင့် မြေနီကုန်းတို့ရှိ ဖုန်းဆိုင်များ၊ အများပြည်သူသွားလာလျက်ရှိသည့် လိုင်းကားများပေါ်နှင့် Shopping Mall များတွင် DAN Mobile Application အသုံးပြုပုံနည်းလမ်းများ ဖြန့်ဝေမှုသတင်း

28_pic01 28_pic02 28_pic03 28_pic04 28_pic05

(၂၇-၁၂-၂၀၁၆) ရက်နေ့တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ပြည်လမ်း၊ အင်းစိန်လမ်း၊ လှည်းတန်းနှင့် မြေနီကုန်းတို့ရှိ ဖုန်းဆိုင်များတွင် ပြည်သူများ သဘာဝဘေး၊ မိုးလေဝသအခြေအနေနှင့် ကယ်ဆယ်ရေးသတင်းများ အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်ရန်အတွက် DAN mobile Application အား လိုက်လံထည့်သွင်းဖြန့်ဝေခြင်းနှင့် အများပြည်သူသွားလာလျက်ရှိသည့် လိုင်းကားများပေါ်နှင့် Shopping Mall များတွင် DAN mobile Application ကို ရယူအသုံးပြုပုံ ကြော်ငြာစာစောင်များကို ဖြန့်ဝေဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events