တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့နယ်၊ အမှတ် (၁) ရပ်ကွက်တွင် နေအိမ် (၁) လုံး ဝါယာရှော့ဖြစ်၍ မီးလောင်ကျွမ်းခဲ့ပါသည်။ အဆိုပါ မီးဘေးသင့်ပြည်သူအတွက် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၁၂-၂၀၁၆) ရက်နေ့ (၁၈:၄၀) နာရီအချိန်တွင် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ ဆန်ရိက္ခာဖိုးငွေ (၁,၈၀၀) ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁) သိန်းကျပ်အား သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
Source: ကော့သောင်းခရိုင်ဦးစီးမှူးရုံး(ကဆရ)