ဂျပန်နိုင်ငံ၊ မြေယာ၊ အခြေခံအဆောက်အဦ၊ ပို့ဆောင်ရေးနှင့်ခရီးသွားလာရေးဝန်ကြီးဌာန (MLIT) နှင့် MOC ရေးထိုးထားသော မြန်မာနိုင်ငံမှ ဝန်ကြီးဌာန(၃)ခုတို့ အဆင့်မြင့်စားပွဲဝိုင်းဆွေးနွေးပွဲတစ်ရပ်ကျင်းပပြုလုပ်မှုသတင်း

img_2903 img_2870
နေပြည်တော်၊ ဒီဇင်ဘာလ (၂၆)

ဂျပန်နိုင်ငံ၊ မြေယာ၊ အခြေခံအဆောက်အဦ၊ ပို့ဆောင်ရေးနှင့်ခရီးသွားလာရေးဝန်ကြီးဌာန (MLIT) သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၏ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ လူမှှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့နှင့် သဘာဝဘေးစီမံခန့်ခွဲမှှုဆိုင်ရာကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်နိုင်ရန် ပူးပေါင်းဆောင်ရွက်မှှုစာချွန်လွှာ(MOC) ရေးထိုးထားသောဝန်ကြီးဌာနဖြစ်ပါသည်။

အဆိုုပါ ဂျပန်နိုင်ငံ၊ မြေယာ၊ အခြေခံအဆောက်အဦ၊ ပို့ဆောင်ရေးနှင့်ခရီးသွားလာရေးဝန်ကြီးဌာန (MLIT) နှင့် MOC ရေးထိုးထားသော မြန်မာနိုင်ငံမှ ဝန်ကြီးဌာန (၃) ခုတို့ပူးပေါင်း၍ “ဘေးအန္တရာယ်လျော့ချရေးအတွက် အဆင့်မြင့်စားပွဲဝိုင်းဆွေးနွေးပွဲ” တစ်ရပ်ကို နေပြည်တော်၊ Hilton Hotel, Grand Ball Room ခန်းမတွင် ၂၆-၁၂-၂၀၁၆ ရက်နေ့၊ (၁၅း၃၀) နာရီတွင်ကျင်းပခဲ့ပါသည်။

ဆွေးနွေးပွဲတွင် လူမှှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားရာတွင် ဂျပန်နိုင်ငံအနေဖြင့် သဘာဝဘေးအန္တရာယ် တုံပြန်ဆောင်ရွက်ရာတွင်လည်းကောင်း၊ ကြိုတင်သတိပေးစနစ်များ ဖော်ဆောင်ရာတွင်လည်းကောင်း များစွာတိုးတက်နေသည့်နိုင်ငံဖြစ်သည့်အတွက် မိမိတို့အနေဖြင့် ပူးပေါင်းဆောင်ရွက်လိုပါကြောင်း၊ မိမိတို့၏အရေးပေါ်စီမံခန့်ခွဲမှှုဗဟိုဌာန (Emergency Operating Center-EOC) အား နိုင်ငံတကာအဆင့်မီ အဆင့်မြှင့်တင်ရာတွင်လည်းကောင်း၊ ထို့အပြင် ဧရာဝတီတိုင်းဒေသကြီး၊ ဟသာင်္တမြို့နယ်ရှိ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှှုသင်တန်းကျောင်းအနေဖြင့်လည်း ဆရာဖြစ်သင်တန်းများ၊ ဘေးအန္တရာယ် စီမံခန့်ခွဲမှှုသင်တန်းများနှင့် အခြားအထူးပြုသင်တန်းများ ပို့ချပေးလျက်ရှိပါကြောင်း၊ အဆိုပါသင်တန်းကျောင်း အဆင့်မြှင့်တင်ရေးအတွက် အကူအညီပေးစေလိုပါကြောင်း၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် မြေပြိုမှှုဘေး အန္တရာယ် အကဲဖြတ်ခြင်းလုပ်ငန်းများနှင့် ဘေးဒဏ်လျော့ပါးစေရေးလုပ်ငန်းများ ဆောင်ရွက်ရန် နည်းပညာအကူအညီများရယူလိုပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်အပါအဝင် သဘာဝဘေးအန္တရာယ်ကျရောက် လွယ်သောဒေသများတွင် ဘက်စုံသုံးအဆောက်အဦ (Multi-purpose shelter) များဆောက်လုပ်ရန် အစီအစဉ်ရှိကြောင်းကို အသိပေးလိုပါကြောင်း၊ ထို့အပြင် သဘာဝပတ်ဝန်းကျင်ပြောင်းလဲမှှုနှင့် ရာသီဥတုပြောင်းလဲခြင်းတို့ကြောင့် မြန်မာနိုင်ငံအနေဖြင့်ရေကြီးရေလျှံမှှုများ၊ ရေရှားပါးမှှုများ ကြုံတွေ့နေရလျက်ရှိရာ အဆိုပါကိစ္စများနှင့်ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးလိုပါကြောင်း၊ မြန်မာနိုင်ငံအမျိုးသားရေအရင်းအမြစ်စီမံခန့်ခွဲမှှုကော်မတီနှင့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှှုကော်မတီတို့ ပူးပေါင်း၍ ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလအတွင်းကျင်းပမည့် ရေအရင်းအမြစ်စီမံခန့်ခွဲမှှုဖိုရမ်သို့လည်း MLIT ဝန်ကြီးဌာနမှ ကျွမ်းကျင်သူများအား ဖိတ်ကြားလိုပါကြောင်း ဆွေးနွေးခဲ့ကြပါသည်။

အဆိုပါဆွေးနွေးပွဲတွင် ဂျပန်နိုင်ငံ၊ မြေယာ၊ အခြေခံအဆောက်အဦ၊ ပို့ဆောင်ရေးနှင့်ခရီးသွားလာရေး ဝန်ကြီးဌာန (MLIT) ၏ ဝန်ကြီး H.E. Mr. Keiichi ISHII က လူမှှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနရှိ အရေးပေါ်စီမံခန့်ခွဲမှှုဗဟိုဌာန (EOC) ပိုမိုထိရောက်စေရန်လိုအပ်သော နည်းပညာအကူအညီများ ပေးအပ်ရန်အသင့်ရှိပါကြောင်း၊ သဘာဝဘေးစီမံခန့်ခွဲမှှုသင်တန်းကျောင်းနှင့် ဘက်စုံသုံးအဆောက်အဦ (Multi-purpose shelter) များနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာတာဝန်ရှိ သူများနှင့်ပြန်လည်ညှိနှိှုင်းဆွေးနွေးသွားမည်ဖြစ်ကြောင်း ပြန်လည်ဆွေးနွေးခဲ့ပါသည်။

အဆိုပါဆွေးနွေးပွဲသို့ ဂျပန်နိုင်ငံ၊ မြေယာ၊ အခြေခံအဆောက်အဦ၊ ပို့ဆောင်ရေး နှင့်ခရီးသွားလာရေးဝန်ကြီးဌာန (MLIT)၏ ဝန်ကြီး H.E. Mr. Keiichi ISHII နှင့်အတူ ကိုယ်စားလှယ်များ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၊ လူမှှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးတို့နှင့်အတူ သက်ဆိုင်ရာဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဌာနဆိုင်ရာကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events