မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့နယ်၊ ရေပေါ်ကျွန်းကျေးရွာတွင် သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲ ကျင်းပမှုသတင်း

(၂၇ -၁၂ -၂၀၁၆) ရက်နေ့တွင် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့နယ်၊ ရေပေါ်ကျွန်းကျေးရွာတွင် သဘာဝဘေးလျော့ပါးရေး အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပြီး သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့် မိုးလေဝသသတင်းများ အရေးပေါ် ဆက်သွယ်နိုင်သည့် ဖုန်းနံပါတ်များ လက်ကမ်းစာစောင်များပါဝင်သည့် DAN Mobile application အကြောင်းရှင်းလင်းပြောကြားပြီး share ပြုလုပ်ပေးခဲ့ကာ လက်ကမ်းစာစောင်များနှင့် ခေါက်ဆွဲခြောက်ထုပ်များကို ဝေငှပေးခဲ့ပါသည်။ အဆိုပါဟောပြောပွဲသို့ စုစုပေါင်း (၆၅) ဦးတက်ရောက်ခဲ့ပါကြောင်း သိရှိရပါသည်။

Source: သရက်ခရိုင်ဦးစီးမှူးရုံး(ကဆရ)

Sign Up

Upcoming Events