Category Archives: News
-
မောင်တောခရိုင်ဦးစီးမှူးရုံးဖွင့်လှစ်ခြင်း
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်ဦးစီးမှူးရုံးအား (၁၄-၁-၂၀၁၇)ရက်နေ့ နံနက် (၀၇:၀၀)နာရီအချိန်တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းထွဋ်ဦး၊ ရခိုင်ပြည်နယ်ဦးစီးမှူးတို့မှ သံဃာတော်(၅)ပါး ပင့်ဖိတ်၍ ဆွမ်းဆက်ကပ်လှူဒါန်းကာ တရားတော်နာယူပြီး ဖွင့်လှစ်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source : ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့တောင်ဘက်၊ ချင်းတွင်းမြစ်အရှေ့ဘက်ခြမ်း ကံထူးကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းတွင် သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခြင်း
မော်လိုက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၁-၂၀၁၇)ရက်နေ့ နံနက်ပိုင်း (၁ဝ:ဝ၀)နာရီမှ (၁၁:၃၀)နာရီထိ မော်လိုက်မြို့တောင်ဘက်၊ ချင်းတွင်းမြစ်အရှေ့ဘက်ခြမ်း ကံထူးကျေးရွာ အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်ပြီး ကျောင်းအုပ်ဆရာမကြီးနှင့်ဆရာ/မ၊ ကျောင်းသား/သူ (၄၀၀)ဦးခန့်အား သဘာဝဘေးအန္တရာယ်များ၏ အကြောင်းများ၊ ဌာန၏ လုပ်ငန်းဆောင်ရွက်မှုများ၊ အထူးသဖြင့် ၄င်းဒေသတွင် မီးဘေး၊ ငလျင်ဘေး၊ မိုးကြိုးဘေး၊ လျှပ်တပြတ် ရေကြီးခြင်းများ ဖြစ်ပွါးခဲ့ပါက ကြိုတင်ပြင်ဆင်ရေး ကြိုတင်ကာကွယ်ရေးနှင့် တုံ့ပြန် ဆောင်ရွက်ရေးတို့ကို ဟောပြောဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များ၊ နံရံကပ်ပိုစတာများ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source : မော်လိုက်ခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ အောင်သုခရပ်ကွက် မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ပြီးစီးမှု
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ အောင်သုခရပ်ကွက်တွင် (၁၃.၁.၂၀၁၇) ရက်နေ့ (၀၂:၀၀) နာရီအချိန်တွင် safe guard အပူလွန်၍ ဖြစ်ပွားသော မီးဘေးကြောင့် သွပ်မိုးထရံကာပျဉ်ခင်းအိမ် (၄)လုံးမီးလောင်ကျွမ်းခဲ့ရာ (၂)ဦး သေဆုံးပြီး အိမ်ထောင်စု (၉)စုမှ မီးဘေးသင့်သူ (၂၄)ဦးအတွက် family kit Hygiene kit ၊ ကယ်ဆယ်ရေးပစ္စည်း (၉)မျိုး (၈)အိမ်ထောင်စာ၊ ဆန်ရိက္ခာဖိုး ငွေ (၂၁,၆၀၀/-)ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀,၀၀၀/-)ကျပ်၊ စုစုပေါင်းငွေ (၂၂၁,၆၀၀/-)ကျပ်အား ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများက (၁၃.၁.၂၀၁၇) ရက်နေ့တွင် … Read more
-
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ သာမညကျေးရွာ၊ အောင်မင်္ဂလာဘုန်းကြီးကျောင်းတွင် သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခြင်း
(၁၃.၁.၁၇) ရက်နေ့တွင် ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ သာမညကျေးရွာ၊ အောင်မင်္ဂလာဘုန်းကြီးကျောင်း၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ အင်အား (၃၀၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source : ကရင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
ချင်းပြည်နယ်၊ ကေလုံးကျေးရွာတွင် ၂၀၁၅ ခုနှစ်အတွင်း မြေပြိုပျက်စီးမှုကြောင့် ပြောင်းရွှေ့ အိမ်ခြေများအတွက် အမျိုးသားသဘာဝဘေး စီမံခန့်ခွဲမှု ကော်မတီမှ ထောက်ပံ့ပေးအပ်ခြင်း
၂၀၁၅ ခုနှစ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းပြီး မတူပီမြို့နယ်၊ ကေလုံးကျေးရွာ မြေပြိုပျက်စီးမှုကြောင့် ပြောင်းရွှေ့ အိမ်ခြေများအတွက် အမျိုးသားသဘာဝဘေးစီမံခန့်ခွဲမှုကော်မတီမှ အိမ်(၁)လုံးလျှင် ငွေကျပ် (၃၅)သိန်းနှုန်းဖြင့် ထောက်ပံ့ပေးခဲ့ရာ ပထမအရစ်အဖြစ် အိမ်(၁)လုံးလျှင် ကျပ် ၁၇၅,၀၀၀/-နှုန်းဖြင့် စုစုပေါင်းအိမ်ခြေ (၅၁) လုံးအတွက် ငွေကျပ် ၈,၉၂၅,၀၀၀/- အား (၆-၁-၂၀၁၇)ရက်နေ့တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ချင်းပြည်နယ်ဦးစီးမှူးရုံးမှ ညွှန်ကြားရေးမှူး၊ ဦးချွမ်ဟရဲ နှင့် ချင်းပြည်နယ်အစိုးရအဖွဲ့မှ အတွင်းရေးမှူး၊ ဦးပြုံးချို တို့မှ မင်းတပ်ခရိုင်အုပ်ချုပ်ရေးမှူးနှင့် မတူပီမြို့နယ်အုပ်ချုပ်ရေးမှူးတို့ထံသို့ လွှဲပြောင်းပေးအပ်ကာ ဘေးသင့်ပြည်သူများထံသို့ ထောက်ပံ့ပေးခဲ့ပြီး … Read more
-
ဖျာပုံမြို့နယ်၊ ဒေါ်ငြိမ်းကျေးရွာအုပ်စု၊ ဘုရားလေးစုကျေးရွာ၌ ကမ်းရိုးတန်းဒေသ ဘေးဖြစ်နိုင်ခြေကနဦးလေ့လာဆန်းစစ်ခြင်းနှင့် သဘာဝဘေးအန္တရာယ်ဆိုင်များ အသိပညာပေးဆွေးနွေးပွဲ ပြုလုပ်မှုသတင်း
(၁၃-၁-၂၀၁၇) ရက်နေ့တွင် ဖျာပုံခရိုင်ဦးစီးမှူးရုံး (ကဆရ) သည် Action Aid အဖွဲ့နှင့်ပူးပေါင်း၍ ဖျာပုံမြို့နယ်၊ ဒေါ်ငြိမ်းကျေးရွာအုပ်စု၊ ဘုရားလေးစုကျေးရွာ ပြည်သူများနှင့် မူလတန်းကျောင်းသား/သူများအား ကမ်းရိုးတန်းဒေသဘေးဖြစ်နိုင်ခြေ ကနဦးလေ့လာဆန်းစစ်ခြင်းနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာအကြောင်းအရာများနှင့်စပ်လျဉ်း၍ အသိပညာပေးဆွေးနွေးဟောပြောခဲ့ပြီး လက်ကမ်းစာစောင်နှင့် နံရံကပ်ပိုစတာများ ဝေငှပေးခဲ့ကြောင်း သိရှိရပါသည်။ Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်၊ ထန်းပင်ကန်ကျေးရွာအုပ်စု၊ တာနားကျေးရွာ၌ သဘာဝဘေးလျော့ပါးရေး အသိပညာပေးဆွေးနွေးပွဲ ကျင်းပပြုလုပ်မှုသတင်း
(၁၃-၁-၂၀၁၇) ရက်နေ့တွင် ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်၊ ထန်းပင်ကန်ကျေးရွာအုပ်စု၊ တာနားကျေးရွာရှိ ဘုရားသုံးဆူ ဘုန်းကြီးကျောင်းဓမ္မာရုံ၌ သဘာဝဘေးလျော့ပါးရေး အသိပညာပေးဆွေးနွေးပွဲ ကျင်းပခဲ့ရာ ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ (၆) ရွာမှ ပြည်သူ (၇၀) ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။ Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ရပ်စောက်မြို့နယ်၊ ယမ်းတွင်းငါးကြောင်ကျေးရွာအုပ်စု၊ ပင်ဖြစ်ကျေးရွာမီးဘေးသင့်သူများအတွက် ထောက်ပံ့ပြီးစီးမှု
ရှမ်းပြည်နယ်၊ ရပ်စောက်မြို့နယ်၊ ယမ်းတွင်းငါးကြောင်ကျေးရွာအုပ်စု၊ ပင်ဖြစ်ကျေးရွာတွင် (၁၁-၁-၁၇) ရက်နေ့ (၁၈:၄၅)အချိန်ခန့်တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် မီးဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး အိမ်ထောင်စု(၁)စုစာနှင့် မီးဘေးသင့်သူ(၁၂)ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၃)ရက်စာအတွက် ငွေ(၁၀,၈၀၀/-)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀/-)ကျပ် နှင့် စုစုပေါင်းငွေ(၁၁၀,၈၀၀/-)ကျပ်အား (၁၃-၁-၂၀၁၇)ရက်နေ့တွင် ရှမ်းပြည်နယ်ဦးစီးမှူးရုံး၊ တာဝန်ရှိသူများမှ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source : ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ မော်လိုက်မြို့နယ်၊ တောင်းအင်ကျေးရွာ အခြေခံပညာအလယ်တန်း ကျောင်းတွင် သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပခြင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မော်လိုက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၁-၂၀၁၇) ရက်နေ့ (၁ဝ:ဝ၀) အချိန်မှ (၁၁:၃၀) အချိန်ထိ စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ မော်လိုက်မြို့နယ်၊ တောင်းအင် ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းတွင် သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ကျောင်းသား/ ကျောင်းသူ လူငယ်များအနေဖြင့် ထိခိုက်ဆုံးရှုံးမှုလျော့နည်းစေရန် ရည်ရွယ်၍ သဘာဝဘေးနှင့်စပ်လျဉ်းသည့် အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါဆွေးနွေးပွဲသို့ ဆရာ/ ဆရာမများနှင့် ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၄၂၀) ဦး တက်ရောက် ခဲ့ပြီး သဘာဝဘေးနှင့်ပတ်သက်သည့် လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းနှင့် နံရံကပ်ပိုစတာများအား ကျောင်းအုပ် ဆရာမကြီးထံပေးအပ်ခဲ့ကြောင်း … Read more
-
DAN Mobile Application and KO BO Mobile Application အသုံးပြုပုံများအား ရှင်းလင်းပြောကြားမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ပြည်နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် (၁၂-၁-၂၀၁၇) ရက်နေ့တွင် ဒီးမော့ဆိုမြို့နယ်သို့သွားရောက်၍ ဌာနဆိုင်ရာများ၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီဝင်များ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ ရပ်/ကျေးစာရေးများအား သဘာဝ ဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့် ပုံမှန်သတင်းများ အရေးကြီးမိုးလေဝသသတင်းများ အရေးပေါ် ဖုန်းနံပါတ်များ သဘာဝဘေးအန္တရာယ်ဆောင်ရန် ရှောင်ရန်အချက်များပါဝင်သည့် လက်ကမ်းစာစောင်များ ဘေးအန္တရာယ်နှင့် စပ်လျဉ်းသည့် ကြိုတင်သတိပေးချက်ပေးပို့သည့်စနစ်များပါဝင်သည့် DAN and KO BO Mobile Application အကြောင်း မိတ်ဆက်ဆွေးနွေးခြင်း၊ Install ပြုလုပ်ပေးခြင်း၊ Sticker ဝေငှခြင်းနှင့် သဘာဝဘေးစီမံခန့်ခွဲမှုလုပ်ငန်းများအကြောင်း ဆွေးနွေးဟောပြောခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။ … Read more









