ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မော်လိုက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၁-၂၀၁၇) ရက်နေ့ (၁ဝ:ဝ၀) အချိန်မှ (၁၁:၃၀) အချိန်ထိ စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ မော်လိုက်မြို့နယ်၊ တောင်းအင် ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းတွင် သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ကျောင်းသား/ ကျောင်းသူ လူငယ်များအနေဖြင့် ထိခိုက်ဆုံးရှုံးမှုလျော့နည်းစေရန် ရည်ရွယ်၍ သဘာဝဘေးနှင့်စပ်လျဉ်းသည့် အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါဆွေးနွေးပွဲသို့ ဆရာ/ ဆရာမများနှင့် ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၄၂၀) ဦး တက်ရောက် ခဲ့ပြီး သဘာဝဘေးနှင့်ပတ်သက်သည့် လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းနှင့် နံရံကပ်ပိုစတာများအား ကျောင်းအုပ် ဆရာမကြီးထံပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
Source: မော်လိုက်ခရိုင်ဦးစီးမှူးရုံး (ကဆရ)