၂၀၁၅ ခုနှစ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းပြီး မတူပီမြို့နယ်၊ ကေလုံးကျေးရွာ မြေပြိုပျက်စီးမှုကြောင့် ပြောင်းရွှေ့ အိမ်ခြေများအတွက် အမျိုးသားသဘာဝဘေးစီမံခန့်ခွဲမှုကော်မတီမှ အိမ်(၁)လုံးလျှင် ငွေကျပ် (၃၅)သိန်းနှုန်းဖြင့် ထောက်ပံ့ပေးခဲ့ရာ ပထမအရစ်အဖြစ် အိမ်(၁)လုံးလျှင် ကျပ် ၁၇၅,၀၀၀/-နှုန်းဖြင့် စုစုပေါင်းအိမ်ခြေ (၅၁) လုံးအတွက် ငွေကျပ် ၈,၉၂၅,၀၀၀/- အား (၆-၁-၂၀၁၇)ရက်နေ့တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ချင်းပြည်နယ်ဦးစီးမှူးရုံးမှ ညွှန်ကြားရေးမှူး၊ ဦးချွမ်ဟရဲ နှင့် ချင်းပြည်နယ်အစိုးရအဖွဲ့မှ အတွင်းရေးမှူး၊ ဦးပြုံးချို တို့မှ မင်းတပ်ခရိုင်အုပ်ချုပ်ရေးမှူးနှင့် မတူပီမြို့နယ်အုပ်ချုပ်ရေးမှူးတို့ထံသို့ လွှဲပြောင်းပေးအပ်ကာ ဘေးသင့်ပြည်သူများထံသို့ ထောက်ပံ့ပေးခဲ့ပြီး ဘေးသင့်ပြည်သူ (၁)ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်းနှင့် ချင်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးမှလည်း ဘေးသင့်ပြည်သူများအား အပြီးအစီးပြောင်းရွှေ့ပြီးစီးသည့်အခါတွင် ကျန်ရှိထောက်ပံ့ငွေအား ထပ်မံထောက်ပံ့သွားမည်ဟု ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။
Source : ချင်းပြည်နယ်ဦးစီးမှူးရုံး (ကဆရ)