ရှမ်းပြည်နယ်၊ ရပ်စောက်မြို့နယ်၊ ယမ်းတွင်းငါးကြောင်ကျေးရွာအုပ်စု၊ ပင်ဖြစ်ကျေးရွာတွင် (၁၁-၁-၁၇) ရက်နေ့ (၁၈:၄၅)အချိန်ခန့်တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် မီးဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး အိမ်ထောင်စု(၁)စုစာနှင့် မီးဘေးသင့်သူ(၁၂)ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၃)ရက်စာအတွက် ငွေ(၁၀,၈၀၀/-)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀/-)ကျပ် နှင့် စုစုပေါင်းငွေ(၁၁၀,၈၀၀/-)ကျပ်အား (၁၃-၁-၂၀၁၇)ရက်နေ့တွင် ရှမ်းပြည်နယ်ဦးစီးမှူးရုံး၊ တာဝန်ရှိသူများမှ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source : ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ကဆရ)