DAN Mobile Application and KO BO Mobile Application အသုံးပြုပုံများအား ရှင်းလင်းပြောကြားမှုသတင်း

13 Pic 02 13 Pic 03 13 Pic 04 13 Pic 05ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ပြည်နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် (၁၂-၁-၂၀၁၇) ရက်နေ့တွင် ဒီးမော့ဆိုမြို့နယ်သို့သွားရောက်၍ ဌာနဆိုင်ရာများ၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီဝင်များ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ ရပ်/ကျေးစာရေးများအား သဘာဝ ဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့် ပုံမှန်သတင်းများ အရေးကြီးမိုးလေဝသသတင်းများ အရေးပေါ် ဖုန်းနံပါတ်များ သဘာဝဘေးအန္တရာယ်ဆောင်ရန် ရှောင်ရန်အချက်များပါဝင်သည့် လက်ကမ်းစာစောင်များ ဘေးအန္တရာယ်နှင့် စပ်လျဉ်းသည့် ကြိုတင်သတိပေးချက်ပေးပို့သည့်စနစ်များပါဝင်သည့် DAN and KO BO Mobile Application အကြောင်း မိတ်ဆက်ဆွေးနွေးခြင်း၊ Install ပြုလုပ်ပေးခြင်း၊ Sticker ဝေငှခြင်းနှင့် သဘာဝဘေးစီမံခန့်ခွဲမှုလုပ်ငန်းများအကြောင်း ဆွေးနွေးဟောပြောခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။

Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events