မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ အောင်သုခရပ်ကွက် မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ပြီးစီးမှု

14_pic-1+3

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ အောင်သုခရပ်ကွက်တွင် (၁၃.၁.၂၀၁၇) ရက်နေ့ (၀၂:၀၀) နာရီအချိန်တွင် safe guard အပူလွန်၍ ဖြစ်ပွားသော မီးဘေးကြောင့် သွပ်မိုးထရံကာပျဉ်ခင်းအိမ် (၄)လုံးမီးလောင်ကျွမ်းခဲ့ရာ (၂)ဦး သေဆုံးပြီး အိမ်ထောင်စု (၉)စုမှ မီးဘေးသင့်သူ (၂၄)ဦးအတွက် family kit Hygiene kit ၊ ကယ်ဆယ်ရေးပစ္စည်း (၉)မျိုး (၈)အိမ်ထောင်စာ၊ ဆန်ရိက္ခာဖိုး ငွေ (၂၁,၆၀၀/-)ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀,၀၀၀/-)ကျပ်၊ စုစုပေါင်းငွေ (၂၂၁,၆၀၀/-)ကျပ်အား ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများက (၁၃.၁.၂၀၁၇) ရက်နေ့တွင် နေ့ချင်း ထောက်ပံ့ပြီးစီးခဲ့ကြောင်း သတင်းရရှိပါသည်။

Source : မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events