
မော်လိုက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၁-၂၀၁၇)ရက်နေ့ နံနက်ပိုင်း (၁ဝ:ဝ၀)နာရီမှ (၁၁:၃၀)နာရီထိ မော်လိုက်မြို့တောင်ဘက်၊ ချင်းတွင်းမြစ်အရှေ့ဘက်ခြမ်း ကံထူးကျေးရွာ အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်ပြီး ကျောင်းအုပ်ဆရာမကြီးနှင့်ဆရာ/မ၊ ကျောင်းသား/သူ (၄၀၀)ဦးခန့်အား သဘာဝဘေးအန္တရာယ်များ၏ အကြောင်းများ၊ ဌာန၏ လုပ်ငန်းဆောင်ရွက်မှုများ၊ အထူးသဖြင့် ၄င်းဒေသတွင် မီးဘေး၊ ငလျင်ဘေး၊ မိုးကြိုးဘေး၊ လျှပ်တပြတ် ရေကြီးခြင်းများ ဖြစ်ပွါးခဲ့ပါက ကြိုတင်ပြင်ဆင်ရေး ကြိုတင်ကာကွယ်ရေးနှင့် တုံ့ပြန် ဆောင်ရွက်ရေးတို့ကို ဟောပြောဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များ၊ နံရံကပ်ပိုစတာများ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။
Source : မော်လိုက်ခရိုင်ဦးစီးမှူးရုံး (ကဆရ)