Category Archives: News
-
လားရှိုးခရိုင်၊ သိန္နီမြို့၌ သဘာဝဘေးလျော့ပါးရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုနှင့် DAN Mobile Application အသုံးပြုပုံနည်းလမ်းများ ဖြန့်ဝေမှုသတင်း
လားရှိုးခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် (၃၁-၁-၂၀၁၇) ရက်နေ့၊ နံနက်ပိုင်းတွင် သိန္နီမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် ရပ်/ကျေးစာရေးများ စုစုပေါင်း (၇၅) ဦးကို ဦးစီးဌာန၏လုပ်ငန်းတာဝန်များနှင့် DAN Mobile Application အသုံးပြုပုံနည်းလမ်းများအား ရှင်းလင်းဖြန့်ဝေခဲ့ပါသည်။ ထို့နောက် နေ့လည် (၁) နာရီမှ (၂) နာရီထိ သိန္နီမြို့အထက (၁) ၌ သဘာဝဘေးလျော့ပါးရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကို ဆက်လက်ကျင်းပပြုလုပ်ခဲ့ရာ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ (၃၀၀) ဦးခန့်တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။ Source: လားရှိုးခရိုင်ဦးစီးမှူးရုံး … Read more
-
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ ရပ်ရွာအခြေပြုသဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဆွေးနွေးဟောပြောပွဲ ကျင်းပပြုလုပ်မှုနှင့် DAN Mobile Application အသုံးပြုပုံနည်းလမ်းများ ဖြန့်ဝေပေးမှုသတင်း
ကချင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် (၃၀-၁-၂၀၁၇) ရက်နေ့တွင် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်းရှိ စိမ်းလဲ့မြိုင်ခန်းမ၌ ရပ်ရွာအခြေပြုသဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူ (၃၀၀) ဦး တက်ရောက်ခဲ့ပါသည်။ ဆက်လက်၍ ဖားကန့်မြို့ရှိ သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်များက အဆိုပါကျောင်းရှိ ဆရာ၊ ဆရာမများကို DAN Mobile Application အသုံးပြုပုံနည်းလမ်းများအား အသိပညာပေးမျှဝေပေးခဲ့ကြောင်းသိရှိရပါသည်။ Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
သရက်ချောင်းမြို့နယ် ပန်းချီရှောင်ကျေးရွာ၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
(၃၀-၁-၂၀၁၇) ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ) မှ တာဝန်ရှိသူများသည် သရက်ချောင်းမြို့နယ် ပန်းချီရှောင်ကျေးရွာ၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါ ဟောပြောပွဲသို့ ရွာသူရွာသား စုစုပေါင်း လူဦးရေ (၇၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။ Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
သရက်ချောင်းမြို့နယ် ကြာအင်းကျေးရွာ၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပ ပြုလုပ်မှုသတင်း
(၂၈-၁-၂၀၁၇) ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ) မှ တာဝန်ရှိသူများသည် သရက် ချောင်းမြို့နယ် ကြာအင်းကျေးရွာ၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါ ဟောပြောပွဲသို့ ရွာသူရွာသား စုစုပေါင်း လူဦးရေ (၁၀၀) ဦးခန့်တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။ Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
ရေနံချောင်းမြို့နယ်၊ ဖိုးကိုကျေးရွာအုပ်စု၊ ကျောင်းကန်ကျေးရွာ ဘုန်းကြီးကျောင်း မီးဘေးသင့်မှုအတွက် ထောက်ပံ့ပေးအပ်မှုသတင်း
(၂၈-၁-၂၀၁၇) ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၊ ဖိုးကိုကျေးရွာအုပ်စု၊ ကျောင်းကန်ကျေးရွာ ဘုန်းကြီးကျောင်းတွင် ဝါယာကြိုးရှော့ဖြစ်၍ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ သွပ်မိုးပြင်ကာ ဘုန်းကြီးကျောင်း(၁)ကျောင်း မီးလောင်ဆုံးရှုံးခဲ့ပါသည်။ အဆိုပါဘုန်းကြီး ကျောင်းအတွက် ကျောင်းဆောက်ပစ္စည်းဖိုး (၂) သိန်း၊ သံဃာ (၇) ပါးအတွက် သင်္ကန်း (၇) ထည်၊ အထူးစောင် (၇) ထည်တို့အား မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)မှ တာဝန်ရှိသူများသည် (၃၀-၁-၂၀၁၇) ရက်နေ့တွင် သွားရောက်ဆက်ကပ်ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။ Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
သရက်ချောင်းမြို့နယ် ညောင်ဇင်ကျေးရွာ၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
(၂၇-၁-၂၀၁၇) ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ) မှ တာဝန်ရှိသူများသည် သရက်ချောင်းမြို့နယ် ညောင်ဇင်ကျေးရွာ၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါဟောပြောပွဲသို့ ရွာသူရွာသား စုစုပေါင်း လူဦးရေ ( ၇၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။ Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀.၁.၂၀၁၇) ရက်နေ့၌ အ.ထ.က (တောင်ဇင်း) တွင် သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ရာ အဆိုပါဟောပြောပွဲသို့ ကျောင်းသား/သူ (၄၆၀)ဦး တက်ရောက်ခဲ့ပြီး လက်ကမ်းစာစောင်များ ဝေငှခဲ့ကြောင်းသတင်းရရှိပါသည်။
-
လူမှုရေးရာအကူအညီများကူညီထောက်ပံ့ခြင်း
ရန်ကုန်၊ ၂၀၁၇ခုနှစ်၊ ဇန်နဝါရီ (၃၀)ရက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးကိုယ်စားရန်ကုန်တိုင်းဒေသကြီးလူမှုဝန်ထမ်းရုံးမှ ညွွှန်ကြားရေးမှူး ဦးမျိုးဆက်အောင်၊ ရန်ကုန်တိုင်းပညာရေးမှူး ဦးကျော်စွာသွင်နှင့် ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဝင်းရွှေတို့သည် (၂၉-၁-၂၀၁၇)ရက်နေ့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ သေနတ်ဖြင့် ပစ်သတ်ခြင်းခံရသော ဦးကိုနီ ကို သတ်ဖြတ်ခဲ့သည့် သေနတ်သမား တရားခံ ဦးကြည်လင်းအား လိုက်လံဖမ်းဆီးစဉ် တရားခံမှ သေနတ်ဖြင့် ပြန်လည်ပစ်ခတ်သဖြင့် သေဆုံးသွားသူ ဦးနေဝင်း(ခ)ဦးဝင်းလွင် အသက်(၄၈)နှစ်၏ နေအိမ်သို့ (၃၀.၁.၂၀၁၇)ရက်နေ့ မွန်းတည့် (၁၂:၀၀)နာရီတွင် သွားရောက်ခဲ့ပြီး ကူညီထောက်ပံ့ငွေ (၁၀)သိန်းအား ဦးနေဝင်း၏ … Read more
-
ပြည်သူ့အကျိုးထိရောက်စွာ ဖြည့်ဆည်းပေးနိုင်ရေးဆွေးနွေးဆောင်ရွက်မှုသတင်း
နေပြည်တော်၊ ဇန်နဝါရီ (၃၀) လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအားယနေ့နံနက် (၉)နာရီတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး H.E. Dr. Nikolay Listoadov မှ အဆိုပါဝန်ကြီးရုံးမေခလာခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။ ယင်းသို့တွေ့ဆုံရာတွင် အာဆီယံ-ရုရှား ထိပ်သီးဆွေးနွေးပွဲသို့ မြန်မာနိုင်ငံမှ နိုင်ငံတော် သမ္မတကြီး ဦးထင်ကျော် တက်ရောက်ခဲ့ရာတွင် မြန်မာ-ရုရှားနှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးခဲ့သဖြင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် ပူးပေါင်း ဆောင်ရွက်နိုင် ရေးဆွေးနွေးနိုင်ရန် ပြောကြားပါသည်။ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး က ဝန်ကြီးဌာနမှ ဦးစားပေးဆောင်ရွက်နေသည့် လုပ်ငန်းများရှင်းလင်းဆွေးနွေးခြင်း၊ ရုရှားနိုင်ငံ … Read more
-
မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုများပေးအပ်မှုသတင်း
(၂၈-၁-၂၀၁၇) ရက်နေ့တွင် မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းမြို့၊ ရပ်ကွက် (၂) ၌ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ အိမ်ခြေ (၂) လုံးရှိ အိမ်ထောင်စု (၂) စုမှ လူဦးရေ (၆) ဦးဘေးသင့်ခဲ့ပါသည်။ အဆိုပါမီးဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး (၂) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂) သိန်းကျပ် အိမ်ခြေ (၂) လုံးစာ၊ လူဦးရေ (၆) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၅၄၀၀) ကျပ်၊ Family Kit (၂) … Read more









