(၂၈-၁-၂၀၁၇) ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၊ ဖိုးကိုကျေးရွာအုပ်စု၊ ကျောင်းကန်ကျေးရွာ ဘုန်းကြီးကျောင်းတွင် ဝါယာကြိုးရှော့ဖြစ်၍ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ သွပ်မိုးပြင်ကာ ဘုန်းကြီးကျောင်း(၁)ကျောင်း မီးလောင်ဆုံးရှုံးခဲ့ပါသည်။ အဆိုပါဘုန်းကြီး ကျောင်းအတွက် ကျောင်းဆောက်ပစ္စည်းဖိုး (၂) သိန်း၊ သံဃာ (၇) ပါးအတွက် သင်္ကန်း (၇) ထည်၊ အထူးစောင် (၇) ထည်တို့အား မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)မှ တာဝန်ရှိသူများသည် (၃၀-၁-၂၀၁၇) ရက်နေ့တွင် သွားရောက်ဆက်ကပ်ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။
Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)