နေပြည်တော်၊ ဇန်နဝါရီ (၃၀)
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအားယနေ့နံနက် (၉)နာရီတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး H.E. Dr. Nikolay Listoadov မှ အဆိုပါဝန်ကြီးရုံးမေခလာခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။
ယင်းသို့တွေ့ဆုံရာတွင် အာဆီယံ-ရုရှား ထိပ်သီးဆွေးနွေးပွဲသို့ မြန်မာနိုင်ငံမှ နိုင်ငံတော် သမ္မတကြီး ဦးထင်ကျော် တက်ရောက်ခဲ့ရာတွင် မြန်မာ-ရုရှားနှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးခဲ့သဖြင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် ပူးပေါင်း ဆောင်ရွက်နိုင် ရေးဆွေးနွေးနိုင်ရန် ပြောကြားပါသည်။ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး က ဝန်ကြီးဌာနမှ ဦးစားပေးဆောင်ရွက်နေသည့် လုပ်ငန်းများရှင်းလင်းဆွေးနွေးခြင်း၊ ရုရှားနိုင်ငံ သံအမတ်ကြီးက ၂၀၁ရခုနှစ်၊ အောက်တိုဘာလတွင် ရုရှားနိုင်ငံတွင်ကျင်းပမည့် ကျောင်းသားပွဲတော် သို့ လူငယ်ရေးရာကိစ္စများဆောင်ရွက်နေသည့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်တကွ ကိုယ်စားလှယ်များ တက်ရောက်ပါရန် ဖိတ်ကြား ပြီးရှေ့ဆက်၍ ရင်းရင်းနှီးနှီးပူးပေါင်းဆောင်ရွက်သွားနိုင်ရေးညှိနှိုင်းဆွေးနွေးခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် လူမှုဝန်ထမ်းလုပ်ငန်းရပ်များဆိုင်ရာ ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်၍ ပြည််သူများ ဘေးကင်း လုုံခြုံရေး၊ ပြည်သူ့အကျိုးစီးပွားကို ဖြည့်ဆည်းနိုင်ရေးနှင့် ပြည်သူယုံကြည်ကိုးစားသည့် ဝန်ကြီးဌာနဖြစ်စေရန် ပြည်သူနှင့် အနီးစပ်ဆုံးနေပြီး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ အခြေခံလူ့အခွင့်အရေး၊ ဒီမိုကရေစီစံနှုန်းများနှင့် ပြည့်စုံပြီး လူ့ဂုဏ်သိက္ခာနှင့် ပြည့်စုံသည့် ရေရှည်တည်တ့ံသည့် လူမှုအသိုက်အဝန်းတစ်ရပ်ဖြစ်ရန် လူမှုကာကွယ်စောင့် ရှောက်ရေး နည်းလမ်းများဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဝန်ကြီးဌာနများပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ပြည်သူ့အကျိုးကိုထိရောက်စွာဖြည့်ဆည်းပေးနိုင်မည် ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်အရေးနှင့်စပ်လျဉ်း၍ မိမိအနေဖြင့် ဒေသတွင်းပြန်လည်နေရာချထားရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးတို်းတက်ရေး လုပ်ငန်းကော်မတီဥက္ကဌအဖြစ် တာဝန်ယူဆောင်ရွက်လျက် ရှိပြီး လူသားချင်းစာနာထောက်ထားမှု အကူအညီများကို ဖွံ့ဖြိုးတိုးတက်ရေးဆီသို့ ဦးတည်ဆောင်ရွက် လျက်ရှိရာကျန်းမာရေး၊ ပညာရေးကဏ္ဍများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး ဆွေးနွေးပြောကြား ပါသည်။
အစည်းအဝေးသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနများမှ အဆင့်မြင့် အရာရှိကြီးများတက်ရောက်ပြီးမူးယစ်ဆေးဖြတ်ကုသခြင်းနှင့် ပြန်လည်ထူထောင်ရေး၊ ကိုယ်ဝန်ဆောင်မိခင်နှင့် အသက််(၂)နှစ်အောက်ကလေးများကို ငွေကြေးထောက်ပံ့ရေး၊ ကျောင်းတွင်း အာဟာရ ကျွေးမွေးရေး၊ ကျောင်းပြင်ပပညာရေး၊ မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ပါသည်။
မွန်းလွဲပိုင်းတွင် Social Work Institution တည်ထောင်ဖွင့်လှစ်နိုင်ရေး ညှိနှိုင်းအစည်းအဝေး အား ဆက်လက်ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာနသည် လူမှုဝန်ထမ်း လုပ်ငန်းဆိုင်ရာ တာဝန်ခံဝန်ကြီးဌာန ဖြစ်သည်နှင့်အညီ လူမှုဝန်ထမ်းလုပ်ငန်းများအားသတ်မှက် စံချိန်စံညွှန်း၊ ကျင့်ဝတ်များနှင့်အညီဆောင်ရွက်နိုင်ရေး၊ လူမှုဝန်ထမ်းဆိုင်ရာဥပဒေ အတည်ပြု ပြဌာန်း နိုင်ရေးဆောင်ရွက်လျက်ရှိပါကြောင်း၊ အသိပညာနှင့်ပြည့်စုံသည့်အပြင် လက်တွေ့ကျွမ်းကျင်ပြီး ကျင့်ဝတ်သိက္ခာနှင့် ပြည့်စုံတဲ့ Professional အသက်မွေးဝမ်းကျောင်းပညာအဖြစ် ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ ပြည်သူလူထုအတွက် လူမှုဝန်ထမ်းလုပ်ငန်းများဆောင်ရွက် နေသော အဖွဲ့အစည်းများထံမှ ဝန်ဆောင်မှုများနှင့်အတူအကူအညီရယူသူများ၏ အကျိုးဖြစ်ထွန်းမှုကို အာမခံချက်ပေးနိုင်ရန် Social Work Institute တစ်ခုကိုရန်ကုန်မြို့တွင် ဖွင့်လှစ်နု်ိင်ရေးအတွက် စနစ်ကျသော ဖွဲ့စည်းပုံရေးဆွဲရန်လိုအပ်ချက်များ၊ သင်ကြားရေးဆိုင်ရာ လူသားအရင်းအမြစ်ရရှိရေးအတွက် လေ့ကျင့် ပေးနိုင်ရန်အစီအစဉ်များ၊ လူမှုဝန်ထမ်းဆိုင်ရာ ဥပဒေပေါ်ပေါက်ရေး ဆောင်ရွက်မှုများကို ဆွေးနွေ းမှာကြားခဲ့ပါသည်။
အစည်းအဝေးသို့ UNICEF (မြန်မာ)မှ Ms. Van Chi Pham နှင့်အဖွဲ့ဝင်များတက်ရောက်ခဲ့ရာ Social Work Institute Myanmar ထူထောင်နိုင်ရန် လိုအပ်သောအခြေခံအဆောက်အဦပုံစံ၊ ဘာသာရပ်ဆိုင်ရာ အစီအစဉ်များ၊ သုတေသနလုပ်ငန်း၊ နိုင်ငံတကာနှင့်ပူးပေါင်းဆောင်ရွက်မှု လိုအပ်ချက်များ၊ ပြည်သူကို အကျိုးပြုနိုင်မည့်အချက်များကို တင်ပြခဲ့ရာ တက်ရောက်လာသူများက ညှိနှိုင်းဆွေးနွေးမှုပြုခဲ့ကြောင်း သတင်းရရှိပါသည်။