လားရှိုးခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် (၃၁-၁-၂၀၁၇) ရက်နေ့၊ နံနက်ပိုင်းတွင် သိန္နီမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် ရပ်/ကျေးစာရေးများ စုစုပေါင်း (၇၅) ဦးကို ဦးစီးဌာန၏လုပ်ငန်းတာဝန်များနှင့် DAN Mobile Application အသုံးပြုပုံနည်းလမ်းများအား ရှင်းလင်းဖြန့်ဝေခဲ့ပါသည်။ ထို့နောက် နေ့လည် (၁) နာရီမှ (၂) နာရီထိ သိန္နီမြို့အထက (၁) ၌ သဘာဝဘေးလျော့ပါးရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကို ဆက်လက်ကျင်းပပြုလုပ်ခဲ့ရာ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ (၃၀၀) ဦးခန့်တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
Source: လားရှိုးခရိုင်ဦးစီးမှူးရုံး (ကဆရ)