ကချင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် (၃၀-၁-၂၀၁၇) ရက်နေ့တွင် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်းရှိ စိမ်းလဲ့မြိုင်ခန်းမ၌ ရပ်ရွာအခြေပြုသဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူ (၃၀၀) ဦး တက်ရောက်ခဲ့ပါသည်။ ဆက်လက်၍ ဖားကန့်မြို့ရှိ သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်များက အဆိုပါကျောင်းရှိ ဆရာ၊ ဆရာမများကို DAN Mobile Application အသုံးပြုပုံနည်းလမ်းများအား အသိပညာပေးမျှဝေပေးခဲ့ကြောင်းသိရှိရပါသည်။
Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)