Category Archives: News
-
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးအား ဗြိတိသျှသံရုံး၊ Department for International Development မှ Dr. Ben Powis နှင့် အဖွဲ့မှ လာရောက်တွေ့ဆုံမှုသတင်း
နေပြည်တော် ၊ ဖေဖော်ဝါရီ (၁၆)လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ၊ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား (၁၆-၂-၂၀၁၇) ရက်နေ့၊ နံနက် (၉) နာရီအချိန်တွင် ဗြိတိသျှသံရုံး၊ Department for International Development မှ Dr. Ben Powis နှင့်အဖွဲ့က အဆိုပါ ဝန်ကြီးရုံးမေခလာခန်းမ၌ လာရောက်တွေ့ဆုံပါသည်။ ထိုသို့တွေ့ဆုံရာတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ရေးဆွဲထားခဲ့သော အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာစီမံကိန်း (NSPAW) အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ ဝန်ကြီးဌာနများအနေဖြင့် လုပ်ငန်းများ အကောင် အထည်ဖော်ဆောင်ရွက်မှုများကို စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်များ (SDGs) … Read more
-
စေတနာ့ဝန်ထမ်းလူငယ်ဆင့်ပွားသင်တန်းကျင်းပပြုလုပ်မှုသတင်း
ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ကဒုံကနိကျေးရွာတွင် (၁၃-၂-၂၀၁၇) ရက်နေ့မှ (၁၅-၂-၂၀၁၇) ရက်နေ့ထိ သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်း လူငယ်ဆင့်ပွားသင်တန်း ကျင်းပပြုလုပ်ရာ သဘာဝဘေးကြိုတင်ပြင်ဆင်ကာကွယ်ရေးဆိုင်ရာများ သရုပ်ပြလေ့ကျင့်ခြင်း ၊ အထောက်အကူပြု ပစ္စည်းများနှင့် လက်ကမ်းစာစောင်များ၊ ပိုစတာများ ဝေငှပေးခဲ့ပြီး DAN and KOBO Mobile Application အကြောင်းရှင်းလင်းဆွေးနွေးခဲ့ပါသည်။
-
မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ မရမ်းချောင်းကျေးရွာတွင် သဘာဝဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၂-၂၀၁၇) ရက်နေ့တွင် မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ မရမ်းချောင်းကျေးရွာတွင် သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်သည့် အကြောင်းအရာများ၊ ရှောင်ရန်/ဆောင်ရန်များနှင့် ပတ်သက်၍ ဆွေးနွေးဟောပြောခြင်း၊ DAN Mobile Application အသုံးပြုပုံ/အသုံးပြုနည်း နည်းလမ်းများအား ရှင်းလင်းပြောကြားခြင်း၊ လက်ကမ်းစာစောင်များနှင့် နံရံကပ်ပိုစတာများ ဖြန့်ဝေပေးခြင်း၊ ဆပ်ပြာမှုန့်ထုပ်များနှင့် မုန့်ထုပ်များ ဝေငှပေးခြင်းများကို လုပ်ဆောင်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲသို့ တက်ရောက်သူဦးရေ (၁၀၀) ဦးခန့်ရှိကြောင်းသတင်းရရှိပါသည်။ Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
စစ်တွေမြို့နယ်၊ ဆေးသမားကျေးရွာအုပ်စု၊ အုန်းတောပြီးကျေးရွာ မီးဘေးသင့်အိမ်ထောင်စုအတွက် ထောက်ပံ့မှုသတင်း
(၁၄-၂-၂၀၁၇) ရက်နေ့တွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ ဆေးသမားကျေးရွာအုပ်စု၊ အုန်းတောပြီးကျေးရွာ၌ မီးလောင်မှုဖြစ်ပွားခဲ့ရာ မီးဘေးသင့်ခဲ့သည့် အိမ်ထောင်စု (၁) စုစာအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး (၁) အိမ်ထောင်စာ၊ ဆန်ရိက္ခာ (၃) ရက်စာဖိုးငွေ (၄၅၀၀) ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၅၀၀၀၀) ကျပ်တိတိတို့အား ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများက (၁၅-၂-၂၀၁၇) ရက်နေ့တွင် ဘေးသင့်အိမ်ထောင်စုထံ ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။ Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
သဘာဝဘေးအသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၂-၂၀၁၇) ရက်နေ့၊ (၁၃:၀၀) နာရီအချိန်တွင် တောင်ကြီးမြို့နယ်၊ ထွေ/အုပ်ရုံးအစည်းအဝေးခန်းမ၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ရာ ပြည်နယ်အစိုးရအဖွဲ့ဝင် ဗမာတိုင်းရင်းသားဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားခြင်း၊ ရှမ်းပြည်နယ်မှူး (ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန) မှ သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောခြင်း၊ ရှမ်းပြည်နယ်မှူး (လူမှုဝန်ထမ်း) မှ မူးယစ်ဆေးဝါး အန္တရာယ်အသိပညာပေးဟောပြောခြင်နှင့် (MRCS) မှ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။ အဆိုပါ ဟောပြောပွဲသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်မှူးများ၊ ရပ်/ကျေး စာရေးများ စုစုပေါင်း … Read more
-
မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာကော်မတီသည် အမျိုးသမီးရေးရာကိစ္စရပ်များကို နိုင်ငံတော်အစိုးရကိုယ်စား အဓိကတာ၀န်ယူဆောင်ရွက်လျက်ရှိ
နေပြည်တော်၊ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာကော်မတီ (Myanmar National Committee For Women Affairs – MNCWA) ကို ပြည်သူ့အစိုးရအဖွဲ့သစ်၏ မူဝါဒများနှင့်အညီ ၂၀၁၆ခုနှစ်တွင် အသစ်ပြန်လည်ဖွဲ့စည်းခဲ့ပြီး လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီးက ဉက္ကဌအဖြစ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကော်မတီတွင် အမျိုးသမီးများ၏ အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို တက်ကြွစွာပါ၀င်ဆောင် ရွက်လျက်ရှိသော ရပ်ရွာအခြေပြုအဖွဲ့အစည်းများကိုလည်း ပါ၀င်ဖွဲ့စည်းထားရှိပါကြောင်း၊ အဆိုပါအဖွဲ့အစည်းများတွင် မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်သည်လည်း တစ်ခုအပါအ၀င်ဖြစ်ပါကြောင်း (၁၅-၂-၂၀၁၇) ရက်နေ့၊ … Read more
-
သဘာဝဘေးအသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၂-၂၀၁၇) ရက်နေ့တွင် ကျိုင်းတုံမြို့၊ မြို့နယ်ထွေအုပ်ခန်းမတွင် သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပ ပြုလုပ်ခဲ့ခြင်း၊ ဘေး (၈) မျိုးပါ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း၊ DAN Mobile Application များ ထည့်သွင်းပေးခြင်းနှင့် အသုံးပြုနည်းများအား ရှင်းလင်းပြောကြားခြင်းနှင့် Disaster Management Law စာအုပ်များ ဖြန့်ဝေပေးခြင်းများကို ဆောင်ရွက်ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်သည့်သတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်၊ ရေမြင်းလေးကျေးရွာ၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကို (၁၅-၂-၂၀၁၇) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပြီး လက်ကမ်းစာစောင်များဝေဌခြင်းနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ရက် (၁၀၀) အလွန် ဆောင်ရွက် မည့်စီမံကိန်းများတွင် တစ်ခုအပါအဝင်ဖြစ်သည့် သဘာဝ ဘေးနှင့် စပ်လျဉ်းသည့် ပုံမှန်သတင်းများနှင့် အရေးကြီးသတင်းများ၊ မိုးလေဝသသတင်းများနှင့် မြန်မာနိုင်ငံအတွင်း သဘာဝဘေး အန္တရာယ် လျော့ပါးရေးဆောင်ရွက်ချက်သတင်းများကို အချိန်နှင့် တပြေးညီပေးပို့ခြင်း၊ ဖြစ်ပေါ်လာနိုင်သည့် … Read more
-
မြိတ်မြို့နယ်၊ ဝိုင်းတောင်ကျေးရွာ၊ အလယ်တန်းကျောင်းတွင် သဘာဝဘေးအန္တရာယ်လျော့ပါး ရေးဆိုင်ရာ အကြောင်းအရာများအား ဆွေးနွေးဟောပြောခြင်းသတင်း
(၁၄ ၂ ၂၀၁၇) ရက်နေ့ မြိတ်ခရိုင်ဦးစီးမှူးရုံး(ကဆရ) မှ တာဝန်ရှိသူများသည် မြိတ်မြို့နယ် ဝိုင်းတောင်ကျေးရွာ အလကခွဲ အလယ်တန်းကျောင်းတွင် သဘာဝဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ အကြောင်းအရာများအား ဆွေးနွေးဟောပြောခြင်း၊ DAN MOBILE APPLICATION အသုံးပြုနည်းများ ရှင်းလင်းပြသပေးခြင်းနှင့် လက်ကမ်းစာစောင်များ၊ နံရံကပ်ပိုစတာများ၊ မုန့်ထုပ်များ ဝေငှပေးခဲ့ရာ ဆရာ/ဆရာမ (၁၄) ဦးနှင့် ကျောင်းသား/သူ (၃၁၇) ဦး စုစုပေါင်း (၃၃၁) ဦးတက် ရောက်ခဲ့ကြောင်းသိရှိရပါသည်။ Source: မြိတ်ခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်အတွင်းရှိ ဖုန်းဆိုင်များသို့ DAN Mobile Application အသုံးပြုနည်းများနှင့် DAN Mobile Application Sticker များ ဖြန့်ဝေပေးမှုသတင်း
(၈-၂-၁၀၁၇) ရက်နေ့နှင့် (၁၄-၂-၂၀၁၇) ရက်နေ့တို့တွင် မြောက်ဦးခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်အတွင်းရှိ ဖုန်းဆိုင်များသို့ သွားရောက်ကာ ပြည်သူများအနေဖြင့် သဘာဝဘေးနှင့်စပ်လျဉ်းသည့်ပုံမှန်သတင်းများ၊ အရေးကြီးသတင်းများ၊ မိုးလေဝသသတင်းများနှင့် မြန်မာနိုင်ငံအတွင်း သဘာဝဘေးအန္တရာယ်လျော့ပါးရေးဆောင်ရွက်ချက်သတင်းများကို အချိန်နှင့်တပြေးညီသိရှိနိုင်ရန်၊ ဖြစ်ပေါ်လာနိုင်သည့်ဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့် ကြိုတင်သတိပေး Message များ ရရှိနိုင်ရန်၊ အရေးကြီးဖုန်းနံပါတ်များနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်၊ ရှောင်ရန် ပညာပေးလက်ကမ်းစာစောင်များလေ့လာသိရှိဆောင်ရွက်နိုင်စေရန် စသည်တို့ပါဝင်သည့် DAN Mobile Application အသုံးပြုပုံနည်းလမ်းများနှင့် DAN Mobile Application Sticker များဖြန့်ဝေပေးခဲ့ကြောင်း … Read more









