ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၂-၂၀၁၇) ရက်နေ့တွင် ကျိုင်းတုံမြို့၊ မြို့နယ်ထွေအုပ်ခန်းမတွင် သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပ ပြုလုပ်ခဲ့ခြင်း၊ ဘေး (၈) မျိုးပါ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း၊ DAN Mobile Application များ ထည့်သွင်းပေးခြင်းနှင့် အသုံးပြုနည်းများအား ရှင်းလင်းပြောကြားခြင်းနှင့် Disaster Management Law စာအုပ်များ ဖြန့်ဝေပေးခြင်းများကို ဆောင်ရွက်ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ကဆရ)